မလွတ်တမ်း ဖတ်ရှုသင့်တဲ့ Facebook Page များ

ဒီ Post က Facebook User တစ်ယောက် အနေနဲ့ တွေးမိသလို ရေးခြင်းသာ ဖြစ်ပါတယ်။ ဘယ် Page ကိုမှ ဘုန်းတော်ဘွဲ့ ရေးထားတာ မဟုတ်သလို ပုတ်ခတ်ထားတာ မဟုတ်ပါဘူး။ ကျနော်တို့ Facebook သုံးတယ် သုံးတယ်နဲ့ အကျိုးမဲ့တော့ မသုံးသင့်တာ အမှန်ပါပဲ။ Facebook ပေါ်မှာ Printed Media တွေအပြင် တော်တော်များများ Page တွေလည်း ရှိပါတယ်။ အဲလိုပဲ ဗဟုသုတ ရစေမယ့် Page တွေလည်းရှိပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ အဲလို Page တွေက ခိုင်မာဖို့ လိုပါတယ်။ ခိုင်မာဖို့ ဆိုတဲ့နေရာမှာ ကျနော် နည်းနည်း ပြောပြချင်ပါတယ်။

▌ခိုင်မာခြင်း
ခိုင်မာရမယ်ဆိုတာက မှန်ကန်ရမယ်လို့ ကျနော့်အနေနဲ့ ဆိုလိုချင်တာပါ။ အခုလို ခေတ် အခြေအနေမှာဆို သွေးထိုးလှုံ့ဆော်တဲ့ စာတွေ သတင်းမှားတွေ ပေါ်ပင်စာတွေ ရေးပြီးတင်တဲ့ Page တွေ ရှိနေတာ မိတ်ဆွေများအသိပါပဲ။ ပြည်သူ့အတွက် ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက် ခံယူချက် မရှိကြပါခြင်း၊ တင်ပြချက်တွေ မှန်ကန်ခိုင်မာမှု မရှိခြင်း တွေနဲ့ ပြည့်နေတဲ့ Page တွေကိုတော့ ခိုင်မာတဲ့ Page လို့ကျနော် မသတ်မှတ်နိုင်ပါ။ ကျနော် ယခုတင်ပြမယ့် Page စာရင်းဟာလည်း ခိုင်ခိုင်မာမာ တင်ပြပေးသွားတဲ့ Page တွေဖြစ်ပါတယ်။ ခိုင်မာခြင်း ကိုကျနော်ဟာ တန်းတစ်ခု အနေနဲ့ ထည့်သွင်းထားပါတယ်။

▌Non-profit Media ဖြစ်ခြင်း
နောက်ထပ် တန်းတစ်ခုကတော့ အကျိုးအမြတ် အရနည်းတဲ့ Non-profit media ဖြစ်ခြင်းကို ထည့်ထားပါတယ်။ ကျနော်တို့ လူသာမန်များဟာ ငွေဆိုတဲ့ အရာ အကျိုးအမြတ်ဆိုတဲ့ အရာကို အာသာ တငမ်းငမ်း မရလည်းတ ရလည်းတ တတ်ကြတာ သဘာဝပါပဲ။ သို့သော် ကျနော်ယခု တင်ပြသွားတဲ့ Page တွေမှာတော့ Non-profit ဆိုတဲ့ လှပတဲ့ ရည်ရွယ်ချက်ကို တွေ့ရပါလိမ့်မယ်။ စေတနာ၊ ဝါသနာ သက်သက်နဲ့ ရပ်တည်နေတဲ့ Page ဖြစ်ခြင်းကိုလည်း ကျနော်က တန်းတစ်ခု အဖြစ် ထည့် ညှိလိုက်ပါတယ်။

▌Printed media မဟုတ်ခြင်း
Printed Media တွေကို ပြင်ပမှာ ဝယ်ယူ ဖတ်ရှုနိုင်ပါတယ်။ သို့သော် ကျနော် ယခုတင်ပြမယ့် Page တွေကတော့ Printed Media မဟုတ်တဲ့အတွက် ပြင်ပမှာ ဖတ်ရှုဖို့ဆိုတာ မဖြစ်နိုင်ပါ။ ဒီ Page တွေက မေတ္တာစေတနာ တွေတနင့်တပိုးနဲ့ စိုက်ထုတ်ပေးထားတာမို့ ဒီ Page တွေကို Like and follow လုပ်ထားမှသာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ စေတနာကို စေတနာရောင်ပြန်ဟပ်ခြင်း မေတ္တာကို မေတ္တာရောင်ပြန်ဟပ်ခြင်းသာ။

▌မလွတ်တမ်း ဖတ်ရှုသင့်
အထက်ပါ တန်းတွေနဲ့ ညှိလိုက်တဲ့အခါ မလွတ်တမ်း ဖတ်ရှုသင့်တဲ့ Page လေးခုကို ကျနော်တင်ပြလိုပါတယ်။

01 | Curiosity​ (@curiositymm)
ကျနော်တို့လောကက ဘာလဲ။ ကျနော်တို့ဟာ ဘာလဲ။ သဘာဝတရားက ဘာကြီးလဲ။ ဒါကိုသိပ္ပံပညာကသာ အဖြေပေး နိုင်ပါလိမ့်မယ်။ Curiosity ဟာဆိုရင် ဒေါက်တာမြင့်မြင့်ခင် ဖောင်ဒေးရှင်းရဲ့ သိပ္ပံစာပေဆုကို ဆရာကြီး ဗန်းမော်တင်အောင်နောက် ဒုတိယမြောက် အဖြစ် လက်ခံရရှိခဲ့ပြီ ဖြစ်ပါတယ်။ Free Digital Magazine တွေထုတ်ဝေပြီး သိပ္ပံပညာကို ကဏ္ဍစုံ နယ်ပယ်စုံကနေ ဖြန့်ဝေပေးနေတာပဲ ဖြစ်ပါတယ်။ သိပ္ပံပညာကို မြန်မာပြည်မှာ ထွန်းလင်းစေဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ဒီ Curiosity အဖွဲ့ရဲ့ Post တွေ Magazine တွေကလည်း မလွတ်တမ်း ဖတ်ရှုသင့် Video တွေ Science News တွေကိုလည်း မလွတ်တမ်း စောင့်ကြည့်သင့်တာမို့ Like and Follow လုပ်ထားတာဟာ မမှားပါဘူး။

02 | မှတ်စုကြမ်း (@notesofkn)
မှတ်စုကြမ်းက ကျနော် သတိထား 'သိ' တာ ကိုကျော်ငယ်ပဲ ရှိတယ်လို့ ပြောရင် ကျန်တဲ့ အဖွဲ့ဝင်တွေ စိတ်ဆိုးမှာလား။ အတည်ပြောတာပါ။ ဒါပေမယ့် မှတ်စုကြမ်းကို ကျနော်ကတော့ အမြဲဖတ်ဖြစ်ပါတယ်။ သူ့ရဲ့ Variety ပုံစံကို နှစ်သက်လို့ပါ။ ဟုတ်ပါတယ်။ ပညာလည်း ပေးပါတယ်။ ဒါ့အပြင် တခါတလေ ဖျော်ဖြေရေးပါ ပူးတွဲ တာဝန်ယူပါတယ်။ ဒါကြောင့် မှတ်စုကြမ်း ဟာလည်း Like And Follow လုပ်သင့်တာပါပဲ။

03 | Morning E-Magazine​ (@MorningMyanmar)
ဆောင်းပါးတိုလေးတွေ စိတ်ခွန်အားဖြည့်တဲ့ စာလေးတွေအပြင် ကဗျာတိုလေးတွေ ဝတ္ထုတိုလေးတွေ ဖတ်ချင်ရင်တော့ Morning ကို Like and follow လုပ်ထားပေးပါလို့။ Morning ဟာ Non-profit digital magazine တစ်ခုသက်သက်သာ ဖြစ်တာကြောင့် ကိုယ်ကျိုး မလိုချင်ဘဲ စာရေးရတာကိုသာ ပျော်တဲ့ စာရေးသူတွေနဲ့ ကိုယ်ကျိုးမပါဘဲ ပညာဖြန့်ဝေရတာကို နှစ်ခြိုက်တဲ့ အဖွဲ့ဝင်တွေ ကြိုးစားပြီး တည်ထောင်ထား ကြတာ ဖြစ်ပါတယ်။ ခုလထုတ်နဲ့ဆို မောနင်းမှာ သိပ္ပံကဏ္ဍအပါအဝင် တခြားကဏ္ဍတွေနဲ့ သုံးအုပ်ထွက်ခဲ့ပြီ ဖြစ်ပါတယ်။ သုံးအုပ်လုံး Free ဖြန့်ဝေခဲ့တာပါ။

04 | Focus Youth E-magazine​ (@focusyouthmyanmar)
Focus Youth ဟာ စာရေးဆရာ ရွှေညာမောင်ရဲ့ ဦးဆောင်မှုနဲ့ နာမည်ရတဲ့ Digital Magazine လည်းဖြစ်ပါတယ်။ ကြီးပွားရေး တိုးတက်ရေးတွေနဲ့ လူမှုဆက်ဆံရေး အောင်မြင်သူတွေရဲ့ ဘဝဖြစ်စဉ်တွေကို သိချင်ရင်တော့ မလွတ်တမ်း Like and follow လုပ်ထားသင့်တာပါပဲ။ သူလည်းပဲ Curiosity နဲ့ Morning လို Free Digital E-magazine ဖြစ်ပါတယ်။

05 | Science Life
လူငယ် ( ၄ ) ယောက်က စတင်ခဲ့တဲ့ အဖွဲ့ငယ်လေးပါပဲ။ Science Life အဖွဲ့က သိပ္ပံပညာကို ထောင့်စုံ နယ်ပယ်စုံကနေ မတင်ပြနိုင်သေးပါဘူး။ Physics ပိုင်းကို အသားပေးတဲ့ Page လို့ဆိုနိုင်ပါတယ်။ နှစ်စဉ် နှစ်ချုပ်ဆိုပြီး သိပ္ပံပညာဆိုင်ရာ Essays လေးတွေ စုစည်း ထုတ်ဝေသွားဖို့တော့ အစီအစဉ် ရှိပါတယ်။ Science Life ဟာ Curiosity ကို မမီနိုင်သေးတာတော့ အမှန်ပါပဲ။ Curiosity က Science ကို ပိုပြီး စုံလင်အောင် ဖော်ပြရေးသား နိုင်ပါတယ်။ သို့သော် တစ်ဖက်မှာ မျှော်လင့်နိုင်တာကတော့ Science Life ရဲ့ နှစ်ချုပ် Digital Collection တွေက ပညာရပ် ဆန်ဆန်ဖြစ်မဖြစ် ဆိုတာပါပဲ။ လူတိုင်း နားလည်ဖို့ကလည်း အရေးကြီးပါသေးတယ်။ ဘာပဲပြောပြော Science Life ကတော့ Physics တစ်မျိုးကိုပဲ အသားပေးပါတယ်။ Physics စိတ်ဝင်စားသူတွေ အတွက်တော့ Page ကောင်းလေးတစ်ခု ဖြစ်ဖို့ မျှော်လင့်ပါတယ်။

▌တခြား Like and Follow တွေ
Facebook ကို ဆက်သွယ်ရေး ကွန်ရက်တစ်ခုအပြင် ဗဟုသုတအတွက် ပါသုံးမယ်ဆိုရင်တော့ အထက်ပါ Page တွေကို Like and Follow လုပ်ထားသင့်ပါတယ်။ ဒါ့အပြင် သတင်း အချက်အလက် ရယူရာအဖြစ် သုံးမယ်ဆိုရင်တော့ Printed Media အဖြစ်ခိုင်ခိုင်မာမာရှိတဲ့ ပြည်တွင်း ပြည်ပ သတင်းဌာန ၂ ခု ၃ ခုလောက်ကို Like and Follow လုပ်ထားသင့်ပါတယ်။ Entertainment အနေနဲ့ပါ သုံးဖို့စိတ်ကူးထားရင်တော့ ဟာသလေးတွေ တင်တတ်တဲ့ Page တွေကိုပါ ထပ်ပြီး Like and follow လုပ်ထားခြင်းက အကောင်းဆုံး ဖြစ်ပါမယ်။

မောင်သူရ
Powered by Blogger.