ဆွဲငင်အား (Gravitational Force)


ယခုအခါ ဆွဲငင်အားလို့ ပြောလိုက်ရင် လူတိုင်းသိပါ တယ်။ ဟုတ်ပါတယ်။ မှန်ပါတယ်။ ကမ္ဘာအပြင်မှာ ကျန်တဲ့ ဂြိုဟ်တွေ ကြယ်တွေ တွင်းနက်တွေ ဂလက်ဆီတွေမှာ လည်း ကိုယ်ပိုင် ဆွဲငင်အားတွေ ရှိကြပါတယ်။ ဆွဲအား ကြောင့်ပဲ ကျွန်တော်တို့တွေဟာ အခုလိုရပ်တည်နေနိုင် တာပါ။ကျွန်တော်ဥပမာပေးမယ်ဆိုရင် ဘတ်စကတ်ဘော ဥပမာနဲ့ပေးကြည့်ပါမယ်။

ဘတ်စကတ်ဘောနဲ့ဆွဲငင်အား  
          ဘတ်စကတ်ဘော တစ်လုံးကို မြှောက်လိုက်တာနဲ့ ဘောလုံးဟာ ပြန်ကျလာတယ်။ ဒါဟာဆွဲငင်အားကြောင့် ဖြစ်တယ်။ ဆွဲငင်အားမရှိရင် ဘောလုံးဟာ အာကာသ ဟင်းလင်းပြင်ထဲက ရောက်သွားမှာပါပဲ။ ဆွဲငင်အား ကြောင့်ပဲ ဘတ်စကတ်ဘောဟာ သတ်မှတ်ထားတဲ့ နေရာ ကို ရောက်နိုင်တယ်။

နယူတန်ရဲ့ပန်းသီးကြွေကြခြင်းသင်ခန်းစာ
          ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို ပထမဆုံး ဖော်ထုတ်ခဲ့တဲ့သူဆိုရင် နယူတန်ကို ပြေးမြင်မိကြလိမ့်မယ် လို့ ထင်ပါတယ်။ နယူတန်ဟာ တစ်နေ့မှာ သူ့ရဲ့ခြံဝင်းထဲ ပန်းသီး အပင်အောက်မှာ ထိုင်နေချိန် ပန်းသီးတစ်လုံး သူ့ပေါ် ပြုတ်ကျလာတယ်။ ပြုတ်ကျချင်း ဒါဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကြောင့်လို့ တန်းမသိ​သေးပါဘူး။ သူ .. စတင် စဉ်းစား ပါတယ်။ အဲဒါနဲ့ပဲ နယူတန်ဟာ ပန်းသီးကြွေကျ တာကို အခြေခံပြီး ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

          ဆွဲငင်အားကြောင့် မဟုတ်ရင် ပန်းသီး ကိုယ်တိုင်ကလည်း ပြုတ်ကျနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါဟာ နယူတန်ရဲ့ ဆွဲငင်အားကို ရှာဖွေတွေ့ရှိခဲ့ပုံပါပဲ။

လ-ကမ္ဘာဆွဲငင်အား
          ကမ္ဘာမှာလည်း ကိုယ်ပိုင်ဆွဲငင်အားရှိသလို လမှာ လည်း ဆွဲငင်အား ရှိတယ်။ လဟာ ကမ္ဘာကနေ ဘာ့ကြောင့် အဝေးကို ထွက်မသွားဘဲ ကမ္ဘာကို လှည့်ပတ်နေရ တာလဲ။
          နယူတန်က ဒီလိုယူဆတယ်။ ဒါဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကြောင့် ဖြစ်မယ်လို့ ယူဆတယ်။ ဆွဲငင်အား ကြောင့်ဆိုပေမယ့် လဟာ ကမ္ဘာမြေပေါ်ကို ဘာ့ကြောင့် မရောက်တာလဲ။
            လဟာလည်း ကမ္ဘာကိုပြန်ဆွဲငင်တယ်။ ဒါ့ကြောင့် ပဲ လနဲ့ကမ္ဘာဟာ တည်ငြိမ်စွာနဲ့ လမ်းကြောင်း ချောမွေ့ နေတာပါပဲ။

နေရဲ့ဆွဲငင်အား
            နေဟာ ကမ္ဘာထက် ၁၀၉ ဆမျှ ပိုကြီးတယ်။ နေမှာ လည်း ကိုယ်ပိုင် ဆွဲငင်အား ရှိတယ်။ အိုင်းစတိုင်းရဲ့ ရီလေတီဗတီအရ သိပ်သည်းဆကြီးရင် ဆွဲငင်အား ပိုကောင်းလေ ဖြစ်တယ်။ ဒါ​ကြောင့်​နေဟာ သိပ်သည်းဆ ကြီးသလို ကမ္ဘာထက်လည်း သိပ်သည်းဆပိုကြီးတယ်။

          အကယ်၍ လူတစ်ဦးဟာ နေထဲကို သွားလိုက်ရင် နေရဲ့ ဆွဲငင်အားကြီးလို့ သူ့ရဲ့ခြေတွေလက်တွေကို မတရား မရမယ်။ ဒါဟာနေပဲ ရှိပါသေးတယ်။ နေထက် သုံးဆ ပိုမိုကြီးမားတဲ့ ကြယ်တွေဟာ သိပ်သည်းဆလည်း ကြီးသလို နေထက်လည်း ဆွဲငင်အား ပိုကောင်းတယ်။ ကြယ်ထဲကိုသွားတဲ့ လူကလည်း သူ့ရဲ့ခြေလက်တွေ မလို့ရမှာကို မဟုတ်ပါဘူး။

တွင်းနက်ရဲ့ဆွဲငင်အား
              တွင်းနက် (Black hole)တွေဟာ နေထက် သုံးဆ ပိုမိုကြီးမားတဲ့ ကြယ်တွေသေရင် ဖြစ်တတ်ပါတယ်။ တစ်နည်းအားဖြင့် ကြယ်သေတွေဆိုရင်လည်း မမှားနိုင်ပါဘူး။ တွင်းနက်တွေဟာ နေရဲ့ ဆွဲငင်အားထက် ပိုမိုကြီး မားတာကြောင့် အမြန်ဆုံး အလင်းတောင် ပြန်ထွက်လာမှာ မဟုတ်ဘူး။
          တွင်းနက်ထဲသို့ ရောက်သွားကြတဲ့ ကြယ်တွေဟာ လည်း ပျက်စီးရတာပါပဲ။ ကြယ်တွေပျက်စီး ရတာလည်း တွင်းနက်တွေရဲ့ ဗဟိုချက်မက ဆွဲငင်အားတွေများလို့ ဖြစ်ပါတယ်။

ဆွဲငင်အားရဲ့အကျိုး
          ကျွန်တော်တို့ဟာ ဆွဲငင်အားကြောင့် နေနိုင်တယ် ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အများကြီးပါပဲ။ ဥပမာ-ရေချိုးရင် ရေဖလားထဲကရေဟာ ဆွဲငင်အားကြောင့် ရေဟာ ချိုးသူရဲ့ ကိုယ်ပေါ်ကို ကျရောက်တယ်။ ဒါဟာ ဆွဲငင်အားရဲ့ အကျိုးဆိုရင်လည်း မမှားနိုင်ပါဘူး။ တော်တော်များများဟာ ကမ္ဘာရဲ့ ဆွဲငင်အားကြောင့် ရပ်တည်နေနိုင်တာပါ။

သေနတ်ကျည်ဆံဥပမာ
          တောင်ကုန်း တစ်ခုကနေ သေနတ်တစ်ချက်ပစ်လိုက်တယ်ဆိုပါစို့။ သေနတ်ရဲ့ ကျည်ဆံဟာ ဆက်သွားနေ မှာ မဟုတ်ပါဘူး။ ဆွဲငင်အားကြောင့်ပဲ ကျည်ဆံဟာ တစ် နေရာရာမှာ ကျသွားမှာပါပဲ။ ဆွဲငင်အားမရှိရင် ကျည်ဆံ ဟာ အဆုံးမရှိ ဆက်သွားနေမယ်။

ကွမ်တမ်မြေထုဆွဲအား
          ယေဘုယျနှိုင်းရသီအိုရီဟာ ၂၀ ရာစုရဲ့ အောင်မြင်သွားတဲ့ သီအိုရီ တစ်ခုဖြစ်သလို နှိုင်းရသီအိုရီ အပြင် ၂၀ ရာစုမှာပဲ အောင်မြင်တဲ့ သီအိုရီသစ်ခု ထွက်ပေါ်လာပါ တယ်။ ၎င်းဟာ "ကွမ်တမ်မက္ကင်းနစ်" ဖြစ်တယ်။
          ၎င်းဟာအလွန်သေးငယ်တဲ့ အတိုင်းအတာများ အပြင် ဖြစ်ပျက်တဲ့ အဖြစ်အပျက်များကိုလည်း ဖြေရှင်း ပေးတယ်။ သိပ္ပံပညာရှင်တွေ ယခုကြိုးစား နေတာဟာ ယင်းနှိုင်းရသီအိုရီနဲ့ ကွမ်တမ်မက္ကင်းနစ်ကို ပေါင်းစပ်ပြီး [ကွမ်တမ်မြေထုဆွဲအား] ပေါင်းစပ်နိုင်တာကို ကြိုးစား နေကြပါတယ်။ ဒါဟာအချိန်အပါအဝင် နေရာတိုင်းမှာ ပါပဲ မှန်ကန်စွာ အသုံးချနိုင်ဖို့အတွက် ရနိုင်သလို [တစ်မူထူးခြားခြင်း] ကင်းလွတ်ရပါမယ်။

ပရိုတွန်ရဲ့ဆွဲငင်အား
          အရာဝတ္ထုတွေကို အက်တမ်တွေနဲ့ ဖွဲ့စည်းထား တယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်။ အက်တမ်ဟာ ဂရိ စကားအရ [ခွဲထုတ်၍မရ]လို့ အဓိပ္ပာယ်ရပါတယ်။ ဂျွန်ဒေါ်လတန်ဟာ အက်တမ်တွေရဲ့ အကြောင်းကို နှိုက်နှိုက် ချွတ်ချွတ် လေ့လာခဲ့တယ်။ ဒါပေမဲ့သူဟာလည်း အက်တမ်ဟာ ခွဲမရတော့ဘူးလို့ ပြောခဲ့တယ်။ နောက်ပိုင်းမှာ သိပ္ပံ ပညာရှင်တွေ အက်တမ်တွေကို ခွဲစိတ်ပြီး အက်တမ်မှာ သူ့ထက်သေးငယ်တဲ့ အခြေခံအမှုန် ရှိကြောင်းကို သိရှိခဲ့ တယ်။ ၎င်းတို့အမှုန်တွေဟာ ပရိုတွန်နဲ့ အီလထရွန်တွေ ဖြစ်တယ်။
          ပရိုတွန်ဟာ လျှပ်စစ် အဖိုဆောင်ပြီး အီလက်ထရွန် ဟာ လျှပ်စစ်အမ ဆောင်ပါတယ်။ ပရိုတွန်ဟာ အက်တမ် ရဲ့အလယ်ဗဟိုမှာ တည်ရှိပြီး အီလထရွန်ဟာ ပရိုတွန်နဲ့ နျူထရွန်ကိုလှည့်ပတ်နေတယ်။ ဒါဟာ ဘာ့ကြောင့်လဲ။

          ဒါလည်းပဲ ဆွဲငင်အားကြောင့် ဖြစ်တယ်။ ကျွန်တော်တို့ နေအဖွဲ့အစည်းနဲ့ တူတယ်။ ပရိုတွန်ဟာ အီလက်ထရွန်ကို ဆွဲငင်ထားတယ်။ ဒါ့ကြောင့်ပဲ အီလက်ထရွန်ဟာ ပရိုတွန်ရဲ့ ဘေးကိုလွင့်ထွက် မသွားခြင်း ဖြစ်တယ်။ ဘာကြောင့် ပရိုတွန်က ဆွဲငင်သလဲ။ ပရိုတွန်က ဒြပ်ထု များလို့ပါ။

ကမ္ဘာကိုပတ်သော လရဲ့လမ်းကြောင်း     
          လဟာ ကမ္ဘာကြီးကို ၁နာရီလျှင် မိုင်၂၃၀၀ နှုန်းနဲ့ လှည့်ပတ်နေတယ်။ လဟာ ကမ္ဘာကို ဘဲဥပုံလို ပတ်ရင် (ရှည်မျောမျောပုံစံ) တစ်စက္ကန့်ကို (ဝ.၀၀၄၄ပေ)နှုန်းနဲ့ ကမ္ဘာဟာ ဝေးရာကို လွင့်ထွက် နေလိမ့်မယ်လို့ နက္ခတ် ပညာရှင်တွေက ယူဆတယ်။ ကမ္ဘာကိုစက်ဝိုင်းပုံစံ ပတ် ရင်လည်း တစ်စက္ကန့်ကို (ဝ.၀၀၄၄ပေ) နှုန်းနဲ့ အောက်ကို ကျနေမယ်။ မြေကြီးရဲ့ ဆွဲငင်အားဟာ တစ်စက္ကန့်ကို ၁၆ ပေနှုန်းနဲ့ အောက်ကိုဆွဲချနေရင် လ ဟာ ဘာကြောင့် တစ် စက္ကန့်ကို ဝ.၀၀၄၄ပေနှုန်းနဲ့ ဖြစ်ရတာလဲ။

နယူတန်ရဲ့ယူဆချက်
          ၀.၀၀၄၄ ပေ နှုန်းနဲ့ ကျတာနှေးသွားရတာ လဟာ ကမ္ဘာရဲ့ ဆွဲငင်အားကနေ ဝေးသွားလို့ဖြစ်ရမယ် လို့ ယူဆ တယ်။ အရာဝတ္ထုတွေ ကမ္ဘာမြေပြင်ပေါ်ကို ကျတဲ့နှုန်းဟာ ကမ္ဘာဘက်ကို လရွေ့လာတဲ့ နှုန်းထက် ၃၆၃၂ ဆ ပိုမြန် တယ်။ ကမ္ဘာမြေပြင်ဘက်ကို လရွေ့တဲ့နှုန်းဟာ တစ်စက္ကန့် ကို (ဝ.၀၀၄၄ပေ) နှုန်းနဲ့ရွေ့တယ်လို့ နယူတန် က အတည်ပြုလိုက်တယ်။ ဒီလိုနဲ့ပဲ နယူတန်ရဲ့ယူဆချက် ကို ထောက်ခံတဲ့သူတွေ များလာတယ်။

နယူတန်ရဲ့မြေထုဆွဲအား
          ငြိမ်သက်နေသော အရာကို အားတစ်ခုခုက ငြိမ် သက်နေသော အရာပေါ်သို့ မရောက်မချင်း ငြိမ်သက် နေတဲ့ သဘောရှိတယ်လို့ နယူတန်က တင်ပြခဲ့တယ်။
 [အရာတစ်ခုကို အားတစ်ခုက လှုံ့ဆော်ပေးလိုက်ပါက ၎င်း အရာဝတ္ထုက မည်သို့ရွေ့လျားကြောင်း ယင်းရွေ့လျားခြင်း က မည်သို့ ပြောင်းလဲစေကြောင်း] နယူတန်က ဖော်ပြ ထားတယ်။
ကမ္ဘာအပြင် ကျန်ဂြိုဟ်များဟာလည်း နေကိုဘာကြောင့် ဘဲဥပုံစံလှည့်ပတ်ရတာလဲ။

          နယူတန်က ဒါဟာ အားတစ်စုံတစ်ခု ကြောင့် ဖြစ် တယ်လို့ ယူဆတယ်။ ပစ္စည်းတစ်ခုကို လွှတ်ချပါက လေ ထဲမှာရပ်မနေဘဲ မြေပြင်ပေါ်သို့ ကျရောက်တဲ့ အားနဲ့ အတူတူဖြစ်တယ်လို့ နယူတန်ကဆိုတယ်။ ဒါကို နယူတန် က [မြေထုဆွဲအား]လို့ အမည်ပေးခဲ့တယ်။


ထူးဆက်နိုင်
Powered by Blogger.