ယောက်ျားလေးအများစု မချစ်ချင်တဲ့ မိန်းခလေးအမျိုးအစားများ


ယောက်ျားလေးတွေ မချစ်ချင်တဲ့ မိန်းခလေးတွေအကြောင်း ပြောချင်တာပါ။ ဒီနေရာမှာ ကြိုပြောချင်တာက မချစ်ချင်တာနဲ့ မချစ်တာ မတူဘူးဆိုတာပါပဲ။ စိတ်ကူးနဲ့ လက်တွေ့ကျဖို့ ခက်ခဲတဲ့ အခြေအနေတွေ ဖြစ်တတ်တဲ့အတွက် မချစ်ချင်ပေမယ့်လည်း ချစ်နေရတာမျိုးတွေ ကြုံရတတ်ပါတယ်။
အတွေ့အကြုံအရ ပြောရရင်ပေါ့ဗျာ ... အဟိ။

ယောက်ျား တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို ချနင်းတတ်တဲ့ မိန်းခလေးမျိုးကို ယောက်ျားလေး တော်တော်များများ မချစ်ချင်ကြဘူး။ အဲ ... တစ်မျိုးမတွေးနဲ့ဦးနော် ... တချို့ ကောင်မလေးတွေ ရှိတယ်။ ချစ်သူကို ခိုင်းဖက်လိုလို ဘာလိုလို သဘောထားပြီး လူဘုံအလည်မှာ ပါဝါအရမ်းပြတာမျိုးပေါ့။ တကယ်တော့ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိရမယ်လေ။ ဒါမှလည်း Relationship တစ်ခုက ခိုင်မြဲမှာပါ။

ယောက်ျားလေးတွေ အများကြီးကို ဟိုဘက်လိုလို ဒီဘက်လိုလိုနဲ့ ရှိသလောက်ကြိုး (ရုပ်အလှတရား) နဲ့ ရှည်ရှည်လှံ ထားတတ်တဲ့ မိန်းခလေးမျိုးကို ယောက်ျားလေးတွေ မချစ်ချင်ကြဘူး။ မင်းထက်သာလို့ သူ့ကိုရွေးသွားတာတို့၊ သူ့ကိုမရလို့ မင်းကိုယူတာတို့ စတဲ့အခြေအနေတွေကို ယောက်ျားလေးတွေ ကြောက်ကြတယ်။

စိတ်ကောက်တယ်ဆိုတာကို ခုတုံးလုပ်တဲ့ မိန်းခလေးတွေကို ယောက်ျားလေးတွေ မချစ်ချင်ကြဘူး။ ချစ်သူနှစ်ဦးကြားမှာ စိတ်ကောက်လိုက် ချော့လိုက်ဆိုတာ ပျော်စရာတစ်ခုပါ။ အဲ ... တစ်ချို့ကျတော့လည်း စိတ်ကောက်တယ်ဆိုပြီး တစ်ခြားတစ်ယောက်နဲ့ အီစီကလီ ပြောကြတာ၊ တချို့ကျတော့လည်း စိတ်ကောက်တယ်ဆိုပြီး တစ်ခြားတစ်ယောက်နဲ့ တွဲပစ်တာ အဲ့တာတွေဟာ စိတ်ကောက်လို့ ရွဲ့တာလို့ ဘယ်ယောက်ျားလေးမှ မယုံပါဘူး။ တကယ်လည်း စိတ်ကောက်တာ မဟုတ်ပါဘူး။ တစ်ခြား အကြောင်းအရင်းကြောင့်ပါ။

သူ့အမှားကို ကိုယ့်အမှားဖြစ်အောင် ဖန်တီးချင်တဲ့မိန်းခလေးမျိုးတွေကို ယောက်ျားလေးတွေ မချစ်ချင်ကြဘူး။ တကယ်တော့ ဘယ်သူမှားမှား မိမိအမှားကို ပွင့်ပွင့်လင်းလင်းဝန်ခံရမယ်။ တောင်းပန်ရမယ်။ ဒါမှလည် အပြန်အလှန်လေးစားမှု နွေးထွေးမှုလေးတွေ တည်ဆောက်နိုင်မှာပါ။ ဘယ်သူ့ဘက်ကမှားမှား ယောက်ျားလေးကချည်း တောင်းပန်နေရတဲ့ အတွဲတွေ မြင်ဖူးတယ်။

တိတ်တိတ်လေးတွေ အများကြီး တွဲတတ်တဲ့ မိန်းခလေးတွေ ဒီခေတ်အခေါ် Silent များတဲ့ မိန်းခလေးတွေကို ယောက်ျားလေးတွေ မချစ်ချင်ကြဘူး။ တချို့ကောင်မလေးတွေ ရှိတယ်။ ချစ်သူလည်းရှိတယ်။ ဒါပေမယ့် သူတို့ကိုမေးလိုက်ရင်တော့ Single ပဲ။ မမေးလည်း နှစ်ပတ်တစ်ခါလောက် ပို့စ်တင်ပြီး မသိမသာ သိသိသာသာ ပြောနေကြတယ်။ လူသိရှင်ကြားတွဲတဲ့ မလည်မ၀ယ် ငတိလေးတွေ ကြေကွဲရမယ့် အခြေအနေပါ။

သစ္စာမရှိတဲ့ မိန်းခလေးတွေကို ယောက်ျားလေးတွေ ကြောက်ကြတယ်။ အိမ်မှုကိစ္စ မကျွမ်းကျင်တာ သင်ပေးရင် တတ်နိုင်တယ်။ ချစ်တဲ့စိတ်နဲ့ ဂရုတစိုက်ကြိုးစားရင် လုံးဝတတ်မြောက်နိုင်တယ်။ အဲ … အဲ့သည့် သစ္စာမရှိတာက သင်လို့မရဘူးဗျ။ ဟိုသင်းဖြစ်တဲ့ မိန်းခလေးက ဟိုသင်းကိုဖြစ်တာ … ဖြစ်တဲ့အတွက် ယောက်ျားလေးတွေ မချစ်ချင်ကြပါဘူး။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Powered by Blogger.