မြန်မာအသင်း၏ ချန်ပီယံလမ်းကြောင်းအတွက် အရေးပါနေသည့် မလေးရှားနှင့်ပွဲစဉ်

2014 AFF Suzuki Cup တွင် မြန်မာနှင့်မလေးရှာ တွေ့ဆုံခဲ့စဉ်က

ဆီမီးဖိုင်နယ်သို့  တက်ရောက်သွားပြီ ဖြစ်သည့် မြန်မာအသင်းမှာ အုပ်စုပထမနေရာအတွက် ယနေ့ည မြန်မာစံတော်ချိန် ၇ နာရီ ၁၅ မိနစ်တွင် ယှဉ်ပြိုင်ရမည့် မလေးရှားနှင့် ပွဲစဉ်သည် အလွန် အရေးပါနေသည်။

ထပ်တိုက်တွေ့ဆုံခဲ့မှုများ
26 Nov 2016 | AFF Championship
________________
28 May 2016| International Friendly
________________
23 Nov 2014 | AFF Championship
Malaysia 0 - 0 Myanmar
________________
18 Jun 2011 | International Friendly
Malaysia  2 - 0  Myanmar
________________
18 Nov 2008 | International Friendly


နည်းပြကြီးအနေဖြင့် တောင့်တင်းသည့် လူစာရင်းနှင့် ပွဲထွက်လာမည်လား အရန်ကစားသမားများကို ပွဲထုတ်မည်လား ဆိုသည်ကတော့ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မလေးရှားနှင့်ပွဲစဉ်အတွက် အနိုင်ရရှိရေး ကြိုးပမ်းသွားမည်ဟု ပြောကြားထားမှုအရ တောင်တင့်သည့် လူစာရင်းနှင့်သာ ပွဲထွက်လာဖို့ များသည်။

ယနေ့ပွဲသည် မြန်မာအသင်းအတွက် အုပ်စုနောက်ဆုံးပွဲစဉ်လည်း ဖြစ်သည်။ အုပ်စု နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းနေသည့် မလေးရှားအသင်းသည် ယခုပွဲအပြင် လာအိုအသင်းနှင့်ပါ ယှဉ်ပြိုင်ရန် ကျန်ရှိနေသေးသည်။

တစ်ဖက်အုပ်စုကို ကြည့်လျှင် အုပ်စုတက်လာနိုင်သည်မှာ ဗီယက်နမ်၊ အင်ဒို၊ ထိုင်း သုံးသင်းရှိနေသည်။
အကယ်၍ မြန်မာအသင်းအနေဖြင့် အုပ်စုဒုတိယသာ ရလျှင် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်အသင်းနှင့် တွေ့ဆုံမည်မှာ ရာခိုင်နှုန်းအတော်များသည်။ ဗီယက်နမ် အသင်း၏ လက်ရှိစုဖွဲ့မှုမှာ အကောင်းဆုံး ပုံစံ ရှိနေပြီး မြန်မာအသင်းကို အိပ်မက်ဆိုးများ ပေးနိုင်စွမ်းရှိနေသည်။

အုပ်စုပထမသာ ရမည်ဆိုလျှင် တစ်ဖက်အုပ်စုမှ ဒုတိယအနေဖြင့် တက်လာမည့် ထိုင်း (သို့မဟုတ်) အင်ဒိုနီးရှားနှင့် ရင်ဆိုင်ရမည်။

ထိုင်းအသင်း၏ ယခုနှစ်ခြေစွမ်းသည် အားရစရာမရှိဘဲ တည်ငြိမ်မှု ပျက်ပြားနေသည့် အချိန်လည်း ဖြစ်သည်။ အကယ်၍ ဆီးမီးဖိုင်နယ်တွင် ထိုင်းအသင်းနှင့် တွေ့ဆုံလျှင် အနိုင်ယူနိုင်သည့် ခြေစွမ်း မြန်မာအသင်း၌ ရှိနေသည်။

အင်ဒိုနီးရှားအသင်းမှာ ခြေစွမ်းအသင့်အတင့် ကောင်းမွန်နေသော်လည်း မြန်မာအသင်းအနေဖြင့် ဗီယက်နမ်ထက်စာရင် အင်ဒိုးနီးရှာနှင့်ကန်ရသည်က ပို၍လွယ်ကူလိမ့်မည်။

ယခုနှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်မှန်းထားသည့် မြန်မာအသင်းအတွက် ပထမဆုံးမှာ ဗိုလ်လုပွဲရောက်ရန် အဓိက ဖြစ်သည်။

မလေးရှားနှင့် မြန်မာသည် ခြေစွမ်းပိုင်းအရ မြန်မာ သာနိုင်သော်လည်း ယခုပွဲသည် အိမ်ရှေ့ မလေးရှား၏ ကိုယ့်မြေ ၊ ကိုယ့်ကွင်း ကိုယ့်ပရိတ်သက်များရှေ့တွင် ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် မြန်မာအသင်းအတွက် ခက်ခဲသော ပွဲစဉ်တစ်ပွဲ ဖြစ်လာလိမ့်မည်။

မြန်မာအသင်းအနေဖြင့် လာအိုနှင့်ပွဲစဉ်ကလို ခြေစွမ်းမျိုးမဖြစ်လျှင် မလေးရှားအား အနိုင်ယူရန် လွန်စွာခက်ခဲနိုင်ခြင်းမရှိပါ။ ယနေ့ မလေးရှားနှင့်ပွဲတွင် အနိမ့်ဆုံး သရေ တစ်မှတ်တော့ ရယူနိုင်လိမ့်မည်ဟု ကျွန်တော့်အနေဖြင့် သုံးသပ်လိုက်ရပါသည်။


ကောင်းမြတ်ကျော်
Powered by Blogger.