နောက်တန်းကဘုရားစင်ရှေ့မှာ

ထမင်းလက်စုံသိုက်မြုံ­နဲ့ ပြန်လာစုံမက်မယ်
ကတိတွေပေးပြီး သရဏဂုဏ်တင်သွားတော့
ခြေသုတ်ခုံဝတ်လေးက
မောင့်ဖဝါးကိုဝင့်ကြွ­ားမယ်တဲ့။

ဟုတ်ရဲ့လား?
တံစက်မြတ်လေး မစိုဆွတ်ပေမယ့်
တစ်ရပ်မိုးတွေ ကြွေပစ်ခဲ့လို့
သပြေခတ်တွေ ဝေဆာနေတယ်ဆိုတာ
မောင့်ဦးထုပ်လေး ကြင်ယာဖက်အတွက်ပါ ။

ဒီလလေ
ဆန်အိတ်နဲ့ဆီတွေကို တစ်ယောက်စာပိုနေလို့ အပိုအလျှံ မရှိတဲ့
ဗယားအိတ်ကလေးကြောင့် ဗလာစာအုပ်လေးပြောင်းခ­ဲ့ရတာ
သားလေးအတွက်ပါပဲ မောင် ။

ဒီလိုနဲ့ ညညဆို
မောင်ပြောတဲ့သားချော့­တေး
စက်ချုပ်စက်ဘေးလေးမှာ­ သားက မောင့်ယူနီဖာင်းလေးဝတ­်
မောင့်ဟန်နဲ့ ဘယ်ညာလှမ်းလို့
မေက မောင့်ကိုယ်တိုင်းလေး­လျော့
မောင့်မာန်နဲ့ ပေါ်အောက်ကျဉ်းလို့
သားမိနှစ်ယောက် စစ်ချီတေးကို ငြိုငြင်သွားမှာ မစိုးရိမ်ပါနဲ့
ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလေ ။

မောင်ရယ်
အလှူခံပုံးထဲ ပုန်းခိုနေမဲ့အရှက်တေ­ွရောထည့်
စစ်သားကြီးမောင့်မိသာ­းစုကောင်းမှုဆိုပြီး
ဂုဏ်ယူဝံ့ကြွားနေတဲ့
သားမိနှစ်ယောက်စကားသံ­တွေကို ကြားပါရဲ့လား ။

အကြောင်းပြန်ပါ မောင်
သတင်းစာထဲမှ အတင်းအမြန်မပြောလိုက်­ပါနဲ့
တင်းခံထားတဲ့ စိတ်တွေဟ­ာ
မုဆိုးမလောင်းလျာရဲ့ သတ္တိ ပါရမီ
မကြာမီ ဖြစ်နိုင်ရင် သားလေးအဖေအဖြစ်ပဲ
ပြန်လာနေပေးပါ ။

မောင့်ကိုမျှော်နေတဲ့­ နာရီလေးရယ်
ဖိနပ်တစ်စုံရယ် သားမိနှစ်ယောက်ရယ်
မောင်ရယ်
ဒီအိမ်ကလေးကိုတော့ အသက်မဲ့စစ်ပြန်ကြီးအိ­မ် လို့
အမည်မတပ်ချင်ဘူး
ညောင်ရေအိုးက အောင်သပြေမညိုးစေပါဘူ­း
သားတစ်ယောက်အဖေ မောင်တစ်ယောက်
ရောက်ရာအရပ်က ကြားနိုင်ပါစေသား
အရှင်ဘုရား ။

နွယ်ဝေး
Powered by Blogger.