မြန်မာနိုင်ငံပညာရေးနဲ့ အလုပ်ရွေးချယ်မှုလမ်းကြောင်း
ကျမတို့ကျောင်းမှာ
under graduate, post graduate ဆိုပြီးခွဲထားတယ်။
B.Ed, Master, PGDMA စသည်ဖြင့်ပေါ့ ။
B.Ed, Master, PGDMA စသည်ဖြင့်ပေါ
ကိုယ်တွေကတော့ 
မိန်းကျောင်း တွေကနေ ဝင်ခွင့်ဖြေ ပီး တက်ရတဲ့ post
graduate(ဘွဲ့လွ န်) ထဲမှာပါပါတယ်။ ကျောင်းတွေမှာ Media
ကိုကျယ်ကျယ်ြ ပန့်ပြန့် သင်ကြားပို့ချ ဖို့ guide ပေးကြတယ် ။
ဒီတစ်နှစ်တာ
သင်တန်းမှာ ရွေးချယ်ခံရဖို့ လူထောင်ပေါင်းများစွာထဲက
နှစ်ရာရွေးတယ် ။ သူတို့ဘယ်လိုအမှတ်ပေးလဲ မသိပေမယ့်
ကိုယ်တွေဖြေခဲ့ရတဲ့ Computer နဲ့ဆိုင်တဲ့ Englishမေးခွန်းဟာ
တကယ်ခက်ခဲခဲ့ပါတယ်။ Unseen ဖြစ်သလို ပင်ကိုယ်ဥာဏ် ရည်နဲ့လည်း
ဖြေရတယ်။
ဖြေတဲ့သူတွေက တော့
မြန်မာနိုင်ငံ ရဲ့ ထုံးစံအတိုင်း အလုပ်မရသေးလို့  ဖြေတဲ့သူ၊
ဆရာတကယ်ဖြစ်ချ င်လို့ ဖြေတဲ့သူဆိုပြီး အမျိုးစုံတယ်။
ပြဿနာက
စီးပွားရေး ၊ အိုင်တီ၊ ကွန်ပျူတာ၊ မေဂျာဘွဲ့တွေ အကုန်ခေါ်လို့
အကုန်ဝင်ဖြေ ကတယ်။ အောင်တဲ့အခါ ကိုယ့်ဘွဲ့နဲ့ ဒီကျောင်းနဲ့
မကိုက်ဘူး။ ကိုယ် တကယ် ဝါသနာမပါဘူး။ ခေါ်လို့ လျှောက်တာ ဆိုတဲ့
အသံတွေပိုကြားရ တယ်။
ဒီတော့
ဒီလူနှစ်ရာထဲမှာ ကိုယ့်ကိုယ်ကို နောင်တရစွာ နေ နေရတဲ့လူ
ဘယ်လောက်များ နေမလဲ။ ဘဝဆိုတာ ရွေးချယ်လို့မ ရဘူး။ ဒါပေမယ့်
ကိုယ်ဘယ်လိုရှ င်သန်သွားချင် လဲဆိုတာတော့ ရွေးချယ်လို့ရ တယ်။
လူဆိုတာ
ကိုယ်ဘာလိုချင် မှန်း၊ ကိုယ်ဘာကိုကြို က်မှန်း သိကြပါတယ်။
ဘွဲ့ရပညာတတ်တွေ ပိုမသိသင့်ဘူးလား။ ကိုယ်ရွေးလိုက်တဲ့ဘဝဟာ
ကိုယ့်ကို နောင်တမရစေမယ့် ဘဝလို့ ကိုယ့်ကိုယ်ကို မမေးနိုင်လော က်အောင်
ကိုယ့်စိတ်က ပျောက်ဆုံးနေ ပြီလား။
ကိုယ့်ကိုယ်ကို
မရှာဖွေတတ်တာကို နားလည်ပါတယ်။ ဒါပေမယ့် ကိုယ်မလိုချင် တဲ့ဘဝကို
တကယ်လိုအပ်ပြီး တန်ဖိုးထားမြတ် နိုးစွာ လက်လွှတ်လိုက် ရတဲ့
လူတွေအတွက် "ငါ့ဘွဲ့နဲ့ ဒီနေရာ မကိုက်ညီပါဘူး" ဆိုတဲ့ စကားဟာ
ဒီဘဝကို တန်ဖိုး ထားမြတ်နိုးတဲ့ လူတွေကို စော်ကားလိုက် တာမျိုးပါ။
"မတန်ဘူးထင်ပါ သလား၊
သင့်အတွက် ထုပ်လုပ်ထားခြ င်း မဟုတ်ပါ" ဆိုတဲ့ စာတန်းလေး
ဖတ်ဖူးတယ်။ လူတွေမှာ သူတို့နဲ့ သင့်တော် အဆင် ပြေတဲ့ တန်ဖိုးထားမြတ် နိုးရတဲ့
ဘဝရပ်တည်မှုရှိ တယ်။ ကိုယ် ဘယ်လိုရပ်တည်ချင်လဲေ တာင်
မသိတဲ့သူတွေဟာ သူများတန်ဖိုးထားတဲ့ ရပ်တည်မှု တစ်ခုကို ဝင်သွားပြီးရင်
စော်ကားလို့မရ ပါဘူး။
တကယ်
အဆင့်မြင့်တဲ့ စိတ်ခံစားမှုရှိ တဲ့ လူဟာ ကိုယ့်ဘဝကိုယ် ရွေးချယ်နိုင် တယ်။
ကိုယ်ရွေးချယ် ထားခြင်းဟာ အမှားမရှိဘူး။ နောင်တမရှိဘူး ။
ပြောချင်တာက
ကျောင်းသားေ တွသာမက ဆရာတွေမှာပါ ပညာရေးခွဲခြားမှု နဲ့ တန်ဖိုးထားနိုင်စွမ်း
နည်းတယ်။ လူတွေရဲ့ စိတ်ဓာတ် အင်အားနဲ့ တွေးခေါ်နိုင် စွမ်းကို
လေးစားနိုင်စွမ်း နည်းတယ်။ ကိုယ့်ကိုယ်ကို မရှာဖွေနိုင်တဲ့လူဟာ
သူများကိုလည်း အမှန်တိုင်းမြ မင်နိုင်ဘူး။ မလေးစားနိုင်ဘူး။
မြန်မာနိုင်ငံ
ပညာရေးနဲ့ အလုပ်ရွေးချယ်မှု လမ်းကြောင်း မကိုက်ညီခြင်း ဟာ
မြန်မာနိုင်ငံ တိုးတက်မှုနောက်ကျခြင်း အကြောင်းတွေထဲက တစ်ခုလို့ .ကျမကတော့
မြင်မိပါတယ်။