မျှော်လင့်ချက်ရှိတဲ့ ဘ၀တစ်ခုတည်ဆောက်ခြင်း
ဝနရဲ့ “အနီးဆုံးလူ” သီချင်းထဲမှာ ကျွန်တော် အရမ်းကြိုက်မိတဲ့  စာသားလေး တစ်ကြောင်းရှိတယ်။ “မငိုပါနဲ့ … ဒုက္ခနဲ့ကြုံတွေ့ တဲ့အခါ … ရင်ဆိုင်မယ် အားတင်းထားပေါ့” တကယ်တော့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရတဲ့ အခါမှာပဲ ဖြစ်ဖြစ် အခက်အခဲတွေနဲ့ ကြုံလာရတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ထိုင်ငိုနေရုံနဲ့ တော့ ပြဿနာတွေ ပြေလည်လာမှာ မဟုတ်ဘူး။
မငိုနဲ့လို့ ပြောတာတော့ မဟုတ်ပါဘူး။ လူဆိုတာ ခံစားတတ်တဲ့ နှလုံးသားရှိတယ် လေ ငိုတာတော့ငိုပေါ့ 
ဒါပေမယ့် အချိန်တိုင်း မအိပ်နိုင် မစားနိုင် ဘာမှမလုပ်ဘဲ တမှိုင်မှိုင်
ဖြစ်နေဖို့တော့ မသင့်ဘူးပေါ့။ ငိုပါ ပြီးရင်တော့ ရင်ဆိုင်ဖို့
သတ္တိမွေးလိုက်ပါ ။
အခက်အခဲတွေကို ကျော်လွှားချင်ရင်ပဲ ဖြစ်ဖြစ် ပြဿနာတွေကို ဖြေရှင်းချင်ရင် ပဲ ဖြစ်ဖြစ် ရင်ဆိုင်ရဲတဲ့ သတ္တိရှိဖို့ လိုအပ်ပါတယ်။ ရင်ဆိုင်ရဲတဲ့ သတ္တိမှ မရှိဘူးဆိုရင် အဲ့ဒီလူဟာ ကျရှုံးသူ တစ်ယောက်ဖြစ်ဖို့  ရာနှုန်းပြည့် သေချာနေပါပြီ။
ကျွန်တော်တို့ နေ့စဉ်ဘ၀ လှုပ်ရှားမှုတွေထဲ မှာ အခက်အခဲပေါင်း မြောက်မြားစွာနဲ့ 
လက်ဆွဲ နှုတ်ဆက် နေရပါတယ်။ ကျွန်တော်တို့ ဘ၀ပေး အခြေအနေတွေ ကြောင့်လည်း
အခက်အခဲတွေရှိ လာနိုင်ပါတယ်။ ဥပမာ မိသားစု အခြေအနေကြောင့် အဆင့်မြင့်
တက္ကသိုလ်တွေ၊ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေ မတက်ခဲ့ရတဲ့ ကလေးတွေ မြန်မာပြည်မှာ အများကြီး ရှိပါတယ်။ ဒီကလေးတွေ အရမ်းခံစားခဲ့ရမှာပါ။
ဒီနေရာမှာ အရေးကြီးတာက ကိုယ်ထိန်းချုပ် ခွင့်မရှိဘဲ ဖြစ်ပေါ်လာတဲ့ လက်ရှိ အခြေအနေကို လက်ခံတတ်ခြင်းပဲ ။ ကိုယ့်မှ ထိန်းချုပ်ခွင့် မရှိတာ ကိုယ် ဒီလိုဖြစ်ရတာ ကိုယ့်အမှားကြော င့် မဟုတ်ဘူးလေ။ ဒါ့ကြောင့် ကိုယ်ထိန်းချုပ် လို့မရတဲ့ အဖြစ်အပျက်တွေကို လက်ခံတတ်ပါစေ။
ဖြစ်ချင်တာ မဖြစ်ခဲ့ရရင်တော င် တခြားဖြစ်နိုင်တဲ့
အရာတွေ အများကြီး ကျန်ပါသေးတယ် ဆိုတာကို သတိရစေချင်တယ်။ ဘ၀ပေး
အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲ အတားအစီးတွေကို ထိုင်ပူးဆွေးမနေ ဘဲ လက်ရှိ အနေအထား ဒါမှမဟုတ် အခြေအနေကို လက်ခံပြီး အကောင်းမွန်ဆုံး ရင်ဆိုင်ရဲဖို့ လိုပါတယ်။
ကိုယ့်ရဲ့ စိတ်ကူး အိပ်မက် တစ်ခု အကောင်အထည် မပေါ်နိုင်တော့ဘူး ဆိုတာ သေချာသွားရင် နောက်တစ်ခုကို ချက်ချင်း ပြောင်းလဲနိုင်ေ အာင် ကြိုးစား သင့်တယ်။ လူဆိုတာ မျှော်လင့်ချက်ေ တွ စိတ်ကူးအိပ်မက်ေ တွနဲ့ အသက်ရှင်နေရတာ ဖြစ်တဲ့အတွက် လူတစ်ယောက်မှာ အနည်းဆုံး မျှော်လင့်ချက် စိတ်ကူးအိပ်မက် တစ်ခုခုတော့ ရှိနေသင့်ပါတယ်။ ဒါမှလည်း ဘ၀က အဓိပ္ပါယ် ရှိလာမှာပါ။
ရည်ရွယ်ချက် မရှိရင် ရည်မှန်းချက် မရှိဘူး။ ရည်မှန်းချက် မရှိရင် ယုံကြည်ချက် မရှိဘူး။ ယုံကြည်ချက် မရှိရင် မျှော်လင့်ချက် ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဗလာမဲ တစ်လိပ်ကို ကိုင်ပြီး ရင်ခုန်နေသလိုပဲ ။ ရည်ရွယ်ချက်ရှိတဲ့ စိတ်ကူးလေးတွေ၊ ယုံကြည်ချက်ရှိတဲ့ စိတ်ကူးလေးတွေ၊ မျှော်လင့်ချက်ရှိတဲ့ စိတ်ကူးလေးတွေ ကနေ တစ်ဆင့် လက်တွေ့ ဖြစ်တည်မှုတွေကို ဖန်တီးနိုင်ကြပါ စေလို့ ဆုမွန်ကောင်း တောင်းရင်း …။
တိုးတက်အောင်(ပဲ ခူး)
မငိုနဲ့လို့ ပြောတာတော့ မဟုတ်ပါဘူး။ လူဆိုတာ ခံစားတတ်တဲ့ နှလုံးသားရှိတယ်
အခက်အခဲတွေကို ကျော်လွှားချင်ရင
ကျွန်တော်တို့ နေ့စဉ်ဘ၀ လှုပ်ရှားမှုတွေထဲ
ဒီနေရာမှာ အရေးကြီးတာက ကိုယ်ထိန်းချုပ်
ဖြစ်ချင်တာ မဖြစ်ခဲ့ရရင်တော
ကိုယ့်ရဲ့ စိတ်ကူး အိပ်မက် တစ်ခု အကောင်အထည် မပေါ်နိုင်တော့ဘူ
ရည်ရွယ်ချက် မရှိရင် ရည်မှန်းချက် မရှိဘူး။ ရည်မှန်းချက် မရှိရင် ယုံကြည်ချက် မရှိဘူး။ ယုံကြည်ချက် မရှိရင် မျှော်လင့်ချက် ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဗလာမဲ တစ်လိပ်ကို ကိုင်ပြီး ရင်ခုန်နေသလိုပဲ
တိုးတက်အောင်(ပဲ