လူငယ်တို့၏အခန်းကဏ္ဍ


လူငယ်များ အတွက် စိန်ခေါ်မှု အသစ်များနှင့် အခွင့်အလမ်းလအသစ်များ နေ့စဉ် ပေါ်ပေါက်လျှက် ရှိသည်။ အလုပ်အကိုင် အခွင့်အလမ်း စိန်ခေါ်မှုသည် ယနေ့ခေတ် အကြီးမားဆုံး စိန်ခေါ်မှုများထဲ မှ တစ်ခု ဖြစ်နေသည်။

ဒီမိုကရေစီ အစိုးရသို့ အသွင် ကူးပြောင်းခဲ့သည်မှာ ၆ နှစ် ကျော် ၇ နှစ်အတွင်း ရောက်ရှိလာ ခဲ့သည်နှင့် အမျှ သတင်း အချက်အလက် နည်းပညာ နှင့် အလုပ်အကိုင် အခွင့်အလမ်း တို့သည့် ယခင် ကာလများထက် ပို၍ တိုးပွားလာသည်မှာ ငြင်း ချက်ထုတ်စရာ မရှိသလောက်ပင် ဖြစ်သည်။

လူငယ်တို့ အတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါင်းများစွာ ပေါ်ပေါက်လာပြီး လူငယ်တို့၏ အခန်း ကဏ္ဍ သည် အရေးကြီးသော မရှိမဖြစ် သော အနေအထားသို့ ရောက်လာပြီ ဖြစ်သည်။

ထိုသို့သော အခွင့်အလမ်းများကို အမိအရ ဆုတ်ကိုင်နိုင်ရန် လူငယ် တို့သည့် ပညာရပ် တစ်ခုခု ကို စနစ်တကျ ကျွမ်းကျင်တတ် မြောက်အောင် သင် ယူထားရန် လိုအပ်မည်။ ဝေလေလေ ဝါးတာတာ သိမှုတတ်မှု များ ကို သာယာ မနေသင့်တော့ဘဲ ဘာသာရပ် တစ်ခုခုကို ဇောက်ချပြီး စနစ်တကျ လေ့လာသင့်ပြီ။

သို့မှသာ အနာဂတ် စိန်ခေါ်မှုများ အတွက် အဆင်သင့် ဖြစ်နေနိုင်ပြီး ဦးဆောင်မှု အဆင့်တွင် လူငယ်တို့၏ အခန်းကဏ္ဍသည် ပီပီပြင်ပြင် ထွက် ပေါ်လာမည် ဖြစ်သည်။

ထို့ပြင်နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လူငယ်တို့၏ စွမ်းဆောင်ရည် အပေါ် များစွာမှီခိုနေ သည်။ နောက် နှစ် (၂၀) အကြာ စင်္ကာပူကို ကျော် တက်မည့် အိပ်မက် အကောင်အထည် ပေါ်ရန် လူငယ် တို့၏ အခန်းကဏ္ဍသည် အဓိက ကျသည်။

သို့ဖြစ်၍ သက်ဆိုင်ရာ လူကြီးမင်းတို့သည် နိုင်ငံအတွက် အရေးကြီးသည့် လူငယ်တို့၏ အခန်း ကဏ္ဍကို ဦးစားပေးသင့်သကဲ့သို့ လူငယ်တို့သည် လည်း မိမိတို့အတွက် သင့်တော်သည့် ကျွမ်းကျင်မှု များကို ဖြည့်စွက်ပြီး အနာဂတ် အတွက် အဆင်သင့် ပြင်ဆင်ထား သင့်ပါကြောင်း တိုက်တွန်း လိုက်ရပါ သည်။

အယ်ဒီတာ

Powered by Blogger.