Facebook ကောင်းကျိုး(၄) ချက်၊ ဆိုးကျိုး (၄) ချက်


နေရာတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုး ဒွန်တွဲနေပါတယ်။ ဖေ့ဘွတ်မှာလည်း အတူတူပါပဲ။ ဒါပေမယ့် စနစ်တကျနဲ့ အကျိုးရှိရှိ အသုံးချတတ်ရင်တော့ ကောင်းကျိုးတွေကို ခံစားရမှာပါ။ ဖေ့ဘွတ်ခ် ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ပြောရမယ်ဆိုရင်တော့ …။
Facebook ကောင်းကျိုး(၄) ချက်၊
———————-
@ သတင်း အချက်အလက် စီးဆင်းမှု မြန်ဆန်လာတယ်။ သတင်းအချက်တွေကို အသုံးချပြီး တစ်ခြား ဆောင်ရွက်ရမယ့် ကိစ္စတွေကို လျှင်လျှင်မြန်မြန် ဆောင်ရွက်လာနိုင်တယ်။ ဥပမာ ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ အစိုးရရဲ့ ထုတ်ပြန်ကြေငြာချက်တွေ စသဖြင့်ပေါ့ ….။
@ တစ်ယောက်နဲ့ တစ်ယောက်ကြားက အကွားအဝေးကို ပျောက်သွားစေတယ်။ ဘယ်မှာရှိနေရှိနေ တစ်ယောက်နဲ့ တစ်ယောက် နီးစပ်နေသလို မျိုးပေါ့။
@ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းလေးတွေ ဖေ့ဘွတ်ပေါ်မှာ ဆောင်ရွက်လာနိုင်တယ်။ ယေဘုယျအားဖြင့် စီးပွားရေးလုပ်ငန်းတွေအတွက် ဈေးကွက်ချဲ့ထွင်းရန် အကောင်းဆုံးနေရာ တစ်ခု ဖြစ်လာတယ်။
@ မိမိကိုယ်ကိုမိမိ အကောင်းဆုံး မိတ်ဆက်လာနိုင်တယ်။ ကမ္ဘာကြီးကို မိမိအတွေးတွေ အတွေ့အကြုံတွေ ပြောပြလို့ရလာတယ်။ ကိုယ်ဘယ်သူပဲ ဖြစ်နေပါစေ ဖေ့ဘွတ်အကောင့် တစ်ခုရှိရုံနဲ့ အမေရိကန်သမ္မတ တင်ထားတဲ့ ပို့စ်မှာလည်း ၀င်ရောက် မှတ်ချက်ပေးနိုင်တယ်။
Facebook ဆိုးကျိုး(၄) ချက်၊
——————–
@ ဖေ့ဘွတ်မှာ သတင်းအချက်အလက် ပျံ့နှံစီးဆင်းမှု မြန်လာတာနဲ့ အမျှ သတင်းအတုတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖြန့်ပြီး တိုင်းရေးပြည်ရာ ကဏ္ဍအသီးသီးကို အနှောက်အယှက် ပြုနေတဲ့သူတွေ ရှိနေတယ်။ ဖေ့ဘွတ်ခ်ကနေ တစ်ဆင့် ဘာသာရေး လူမျိုးရေး မှိုင်းတိုက်ပြီး တိုင်းပြည် မငြိမ်မသက် ဖြစ်အောင် ဖန်တီးလာနိုင်တယ်။
@ ဖေ့ဘွတ်ခ်ကြောင့် ချစ်သူတွေ အချင်းချင်းကြားက အကွာအဝေးကို ပျောက်စေနိုင်ပေမယ့် ချစ်သူတွေ လမ်းခွဲရတဲ့ အကြောင်းအရင်းတွေထဲမှာ ဖေ့ဘွတ်ခ်ကြောင့်ဆိုတာ ရာခိုင်းနှုန်းတစ်ခုအနေနဲ့ ပါဝင်လာပါတယ်။ အများအဖြင့် ဖေ့ဘွတ်ပေါ်မှာ ကျေနပ်စရာကောင်းတာတွေကို တင်ကြတာဆိုတော့ ဒါတွေကိုကြည့်ပြီး မိမိဘ၀ကို မကျေမနပ် ဖြစ်လာတာမျိုး စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
@ ဖေ့ဘွတ်ပေါ်မှာ အကောင့်တုတွေ အများကြီးရှိလာတယ်။ ဒါတွေကို ထိန်းနိုင်ဖို့ Facebook Team က id တင်ခိုင်းတာတွေ ဘာတွေလုပ်ခိုင်းပြီး Account ကို နမည်အရင်းနဲ့ အသုံးပြုစေတယ်။ အကောင့်တုတွေကနေ တစ်ဆင့် ရာဇ၀တ်မှုတွေ ကျူးလွန်လာနိုင်တယ်။
@ ဖေ့ဘွတ်ကို စနစ်တကျ မသုံးစွဲတတ်မှု၊ လုံခြုံရေးဆိုင်ရာ အသိအားနည်းမှုတို့ကြောင့် အရှက်တကွဲ အကျိုးနည်းအဖြစ်အပျက်တွေ ဖြစ်လာနိုင်တယ်။ အခက်မသင့် ထောင်ကျသွားနိုင်တယ်။
တိုးတက်အောင်(ပဲခူး)
Powered by Blogger.