အချိန်ခရီးသွားခြင်း


အချိန်
——-
၂၀ရာစုမတိုင်ခင်တုန်းက ကျွန်တော်တို့က ပကတိအချိန်ကို ယုံခဲ့ကြတယ်။ အချိန်ကို လေ့လာသူတွေက နောက်ပိုင်းမှာ ပကတိအချိန်ဆိုတာကို လက်မခံကြတော့ဘူး။ အချိန်ကို လူသွားလမ်းလို သဘောထားကြတယ်။ သည်ဘက်က တစ်နေရာ ဆက်သွားရင် ဟိုဘက်ကတစ်နေရာ သည်လိုပေါ့။ ဒါပေမယ့်စဉ်းစားကြည့်ပါဦး။ အဲ့ဒီ့လည်းဟာကွေ့ပြီး စမှတ်ကိုရော ပြန်မလာနိုင်ဘူးလား။ အဲ့ဒီ့လည်းဟာ တစ်ဖြောင့်တည်းလား။ အိပ်ခ်ျဂျီဝဲကတော့ သူ့ရဲ့ကာလယန္တရား ၀တ္ထုမှာ အချိန်ခရီးသွားခဲ့တာပဲ။ မဖြစ်နိုင်ဘူးလို့ ထင်စရာရှိမယ်။ ရေငုပ်သဘောင်္တို့၊ လပေါ်ခရီးသွားတာတို့ ဆိုတာတွေတော့ တကယ်ဖြစ်လာတာပါပဲ။

အချိန်ခရီးသွားခြင်း
——————-
အချိန်ခရီးသွားတာက အမွှာဝိရောဓိလိုပါပဲ။ အမွှာဝိရောဓိဆိုတာ ဘာလဲလို့ ကျွန်တော့်ကို မေးရင်တော့ ကျွန်တော်ကပဲ ရှင်းပြရပါမယ်။

အမွှာဝိရောဓိ
————–
အမွှာနှစ်ယောက်မှာ တစ်ယောက်က ပင်လယ်ရေ မျက်နှာပြင်နဲ့ညီတဲ့ နေရာမှာ၊ နောက်တစ်ယောက်ကတော့ အာကာသမှာ အလင်းရဲ့အလျင်နဲ့ ခရီးသွားနေတာပေါ့။ သူတို့၂ယောက်ထဲက အလင်းထက် အလျင်နဲ့ ခရီးသွားသူဟာ ကမ္ဘာပေါ်ပြန်လာမယ်။ သူ့ရဲ့ညီက အသက်၆၀လောက် ရောက်နေပြီ။ သူကတော့ အသက်၃၀လောင်ပဲ။ ဒါက အမွှာဝိရောဓိပေါ့။ သူတို့ရဲ့ မှတ်ပုံတင်အရဆို ၂ ယောက်လုံး အသက်၆၀ပါပဲ။ သည်ပြောင်းလဲမှုမှာ ပြောင်းသွားတာကတော့ သူတို့ရဲ့ဇီဝနာရီပါ။ တစ်ယောက်က အိုနေချိန်မှာ တစ်ယောက်ကနုနေဆဲပေါ့ဗျာ။

အနာဂတ်သို့ခရီးသည်
———————–
အနာဂတ်ကို ခရီးသွားနိုင်တယ်ဆိုရင်တော့ သင်က ကျွန်ုပ်ကို ခပ်ကြောင်ကြောင်လို့ ထင်နေမှာပါ။ အဲ့ဒီလို သွားနိုင်တယ်ဆိုတာ အိုင်းစတိုင်းရဲ့ ရီလေးတစ်ဗတီက သက်သေပြပြီးပါပြီ။ အင်ဂျင်နီယာပညာရပ်ကသာ ဆက်ကြိုးစားကြရမှာပါ။ အလင်းအလျင်နဲ့ တွဲစဉ်းစားရင် ကာလယန္တရားဆိုတာ အာကာသယာဉ် တစ်မျိုးပါပဲလို့ သိပ္ပံပညာရှင် စတီဗင်ဟော့ကင်းက ရှင်းပြခဲ့ဖူးပါတယ်။

အတိတ်
—–
အတိတ်ဆိုတာက ကျွန်တော်တို့ ပြီးခဲ့သမျှတွေပါ။ အတိတ်အချိန်ကို စိတ်ကူးနဲ့သာ တွေးနိုင်တယ် လို့ ၁၉၄၉ မတိုင်ခင်က ကျွန်တော်တို့ သိခဲ့ကြပါတယ်။ ဒါပေမယ့် ၁၉၄၉ ရောက်တော့ ရိုဒယ်ဆိုတဲ့ သင်္ချာပညာရှင်က အတိတ်တစ်ချိန်ကို ခရီးသွားနိုင်ကြောင်း သီအိုရီအရ သက်သေပြခဲ့ပါတယ်။ သူဟာအိုင်းစတိုင်းရဲ့ ရီလေးတစ်ဗတီကို သုံးပြီးရှင်းပြခဲ့တာပါ။ အိုင်းစတိုင်းကိုယ်တိုင်ကတော့ သူ့အဆိုကိုကောင်းကောင်းကြီး မထောက်ခံခဲ့ပါဘူး။ ရိုဒယ်က ကမ္ဘာကနေ အလွန်ဝေးတဲ့နေရာကို အလင်းထက် မြန်အောင်သာသွား ကမ္ဘာကို တစ်ချိန်ပြန်ရောက်မယ် လို့အဆိုပြုခဲ့တာပါ။ သဘောကတော့ အချိန်သံသရာစက်ကွင်းပေါ့။ ရိုဒယ်ရဲ့အဆိုက အိုင်းစတိုင်းရဲ့ ညီမျှခြင်းကို ပြေလည်စေတဲ့ အဆိုဖြစ်ပါတယ်။ ဒါပေမယ့်လည်း စကြ၀ဠာရဲ့နိယာမများကိုတော့ ဆန့်ကျင်နေပါတယ်။ သူ့အယူအဆအရ စကြ၀ဠာကဆက်ပြီး မကျယ်ပြန့်ဘူး။ ဒါကအိုင်းစတိုင်းကိုက မှားခဲ့တဲ့အကြောင်း အရင်က ပြောဖူးပါတယ်။ ဒီဆစ်တားရဲ့သီအိုရီနဲ့တိုက်ပြီး ကြည့်ရင်မှားပါတယ်။ သို့သော် ဒီဆစ်တားနဲ့ အိုင်းစတိုင်းတို့ သီအိုရီနှစ်ခုက ဆက်စပ်နေတော့ အပြတ်ကြီးတော့မဆိုသာပါဘူး။ မှန်လည်း မှန်နိုင်ပါတယ်။

Condition
————
သိပ္ပံပညာရှင်များဟာ အလင်းထက် မြန်တာကို အင်ဂျင်နီယာပညာရပ်မှာ မတွေ့သေးတာကြောင့် သူ့အဆိုကို လက်တွေ့အကောင်အထည် မဖော်နိုင်သေးပါဘူး။ တကယ်လို့ သွားနိုင်တယ်ဆိုရင်တောင် စကြ၀ဠာရဲ့ ခွင့်ပြုချက်မရပါဘူး။ စတီဗင်ဟော့ကင်းရဲ့ အဆိုအရ တိုင်းမ်ထရာဗယ်လ်က အလင်းအလျင်နဲ့ ဆက်စပ်နေပါတယ်။ တစ်နည်းအရှိန်နဲ့ ဆက်စပ်တယ်ပေါ့။ အတိုင်းအဆမရှိတဲ့ အရှိန်နဲ့ခရီးသွားရင် အချိန်ကနောက်ပြန်ဆွဲသွားပါတယ်။ ဒီလိုဆိုတော့ ကိုယ်တွေက စတီဗင်ဟော့ကင်းကို သိပ္ပံသမားများ ပီပီစောဒကတက်ကြတာပေါ့။ အလင်းထက်မြန်အောင် သွားနိုင်ကြောင်း သာဓကလေးပြပါဦး။

စတီဗင့်ဥပမာ
————-
ကျွန်တော်တို့ ဂဲလက်ဆီရဲ့ ဗဟိုကို အလည်သွားကြတာပေါ့။ တကယ်လို့ အလင်းထက် မြန်မြန်သွားရင် အနည်းဆုံး တို့အာကာသယာဉ်ပေါ်မှာ တို့ဇီဝသက် တစ်နှစ်ကြာတယ်။ တို့တွေပြန်ရောက်ပြီ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင် လောက်က တို့သူငယ်ချင်းတွေ သေကုန်ပြီ။

လူပြိန်းနားလည်
—————–
လူပြိန်းနားလည်ဆိုလို့ ၁၆နှစ်သားကောင်လေးက ရင့်လှချေလားလို့ အစ်ကိုတို့ အစ်မတို့ အန်ကယ်တို့ အန်တီတို့မထင်ပါနှင့်။ တကယ်ကို နက်နဲလွန်းလို့ စတီဗင်က ဥပမာအသစ်တစ်ခု ထပ်ပေးတာပါ။ ဒီလိုမှ ကျွန်တော် လူပြိန်းလေးလည်း နားလည်ပါတယ်။ ဒါကြောင့် လူပြိန်းနားလည်လို့ ပြောတာပါ။ Aနဲ့Bတို့ဟာ အာကာသထဲမှာ အလွန်ကိုဝေးကွာနေတဲ့ ၀တ္ထုတွေပေါ့ဗျာ။ အာကာသမှာ ဘယ်ဟာကရှေ့ ဘယ်ဟာကနောက် ဆိုတဲ့ ပထ၀ီသဘောမရှိလို့ ဘယ်ဟာက အရင်ဖြစ်တယ် ဘယ်ဟာကနောက်မှဆိုတာ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ ဥပမာ A က ၂၀၁၆ ပရီးမီးယားလိဂ်ပေါ့ဗျာ။ B ကတော့အနီးဆုံး ကြယ် ပရိုဆီမာက ဆွေးနွေးပွဲကြီးပေါ့။ အလင်းနှစ် လေးနှစ် ကွာတယ်။ တကယ်ဆို Aကအရင်။ အလင်းထက် မြန်အောင်သွား သူအတွက်တော့ A ကနောက်မှဖြစ်သလိုမျိုးပဲ။ အစီအစဉ်း ကပြော ငါးပြန်လိုဖြစ်နေတာ။ ဒီတော့ အလင်းထက်မြန်အောင်သွားနိုင်ရင် Bကိုအရင်ရောက် Aကပွဲကိုမေး။ အလင်းထက်မြန်အောင်ကမ္ဘာကိုပြန်လာ။ Aအချိန်ကိုရောက်။ အဲ့ဒီ့ကျမှနိုင်တဲ့ ဘက်ကလောင်း နိုင်ပါလေရော။

အတားအဆီး
—————-
အရာရာမှာ ထွန်းထွန်းပေါက်ပေါက် ဖြစ်တော့မယ်ဆိုရင် အတားအဆီးကလည်း ဘွားခနဲ ပေါ်လာစမြဲပါ။ အလင်းရဲ့ အရှိန်ကို လျော့ကျအောင် လုပ်မယ့် အတားအဆီး ရှိပါတယ်။ ယေဘုယျ သီအိုရီအရ အာကာသဒုံးတစ်ခုဟာ အလင်းရဲ့ အရှိန်နားနီးလာလေလေ၊ ဒုံးဟာစွမ်းအင်မြင့်လာလေလေ ဖြစ်ပါတယ်။ ဒုံးပျံမှာ လုံလောက်တဲ့ စွမ်းအားမရှိပါဘူး။ သည်လိုဆိုတော့ ကျွန်တော်တို့ရဲ့အချိန်ခရီးသွားပါပြီ။
သိပ္ပံဆိုတာ ကြံဆခြင်းပါပဲ။ အတားအဆီကို ဖြိုလှဲပစ်လို့ရပါတယ်။ အဲ့ဒါကတော့အတိတ်နဲ့ အနာဂတ် တီတွင်းတူးခြင်းပါပဲ။ သဘောကတော့ တောင်ကြီးတစ်လုံးကို အပေါ်ကနေ က်ခက်ခဲခဲအားစိုက်ပြီး ရက်များစွာကြာအောင်တက်နေမယ့် အစား အောက်ကနေ မြေကျင်းတူးပြီး တိုးလျှိုပေါက် ထွက်သွားတာပါပဲ။ ထိုတီတွင်းတို့ကို ဖြတ်လမ်းလို့လဲ သတ်မှတ်နိုင်တာပေါ့။ ရှေ့ကပြောတဲ့ အစည်းအဝေးကို တီတွင်းကသွားရင် ခပ်သွက်သွက်စောပြီး အနာဂတ်ကို ရာက်နိုင်တယ်။ အနာဂတ်ကနေ တီတွင်းတူးပြီး ပစ္စုပ္ပန်ကိုလာရင်လည်း ဘောပွဲမစခင်အချိန်ကိုတောင် ရောက်နေနိုင်တယ်။ ၁၉၃၅ လောက်က အိုင်းစတိုင်းနဲ့ ရိုဆယ်က သုတေသနစာတမ်း ရေးဖူးပါတယ်။

လာပြန်ပြီအခက်အခဲ
———————
ကျွန်တော်တို့ Scienceမှာ Whyဆိုတာခံနိုင်မှ သိပ္ပံဘောင်ဝင် စာရေးဆရာဖြစ်မယ်။ ကိုယ်လိုချင်တာတွေ ဇွတ်ပြောသွားရင် ပရိသတ်မရှိတဲ့ တရားဟောဆရာလိုပဲ။ ကြောင်တောင်တောင်နဲ့ပါ။ Subjectက သိပ်ခြောက်ကပ်လွန်းလည်း တင်ပြရင်တော့ ကြိုးစားပြီး ရှင်းပြရမှာပဲ။ ခုလည်းကြည့်ပါဦး။ စာဖတ်သူက သည်လိုတီတွင်းတွေက အခြေအနေတိုင်းမှာ ဖြစ်နိုင်လားလို့ မေးခွန်းထုတ်ရင်ဖြေရတာပေါ့။
ဟုတ်ကဲ့။ ကြားပိုင်းဒေသက အနုတ်ခုံးဆိုရင် ဖြစ်နိုင်ပါတယ်။ အနုတ်အခုံးဖြစ်ရင် စုစုပေါင်းစွမ်းအင်က အပေါင်းပေါ့ဗျာ။ မှတ်ဖို့ကတော့ အနုတ်အခုံးဆိုရင် အမြင့်ဆုံးအမှတ်။ အမြင့်ဆုံးအမှတ်ဆိုတော့ အချိန်နေရာကို လိုသလိုပြောင်းနိုင်တယ်။ အချိန်နောက်ပြန်ခရီးသွားတယ်ဆိုတာ အမှုန်တစ်ခုအနေနဲ့ ပိုဖြစ်နိုင်တယ်ဆိုတာ ကွမ်တန်သီအိုရီက သက်သေပြပြီးပါပြီ။ ဖေးမန်းရဲ့ အဆိုအရ ဆန့်ကျင်အမှုန်ဟာ တွင်းနက်ထဲကျပြီး သူ့ကိုချေဖျက်မဲ့ အမှုန်မရှိလို့ရှိရင် အဲ့ဒီ့အမှုန်က တွင်းနက်ထဲက ပြန်ထွက်လာတယ်။ အဲ့ဒါဟာအချိန် နောက်ပြန်သွားတာပဲ။

အချိန်စည်းမျဉ်း
————–
အချိန်ခရီးသွားဟာ သည်ရွှေစည်းမျဉ်းတွေကို လိုက်နာရမယ်။
1)အတိတ်ကလူနဲ့ မတွေ့ရ။
2)မည်သည့်အရာမျှ လျှောက်မလုပ်ရ။
မင်းတို့ဖာသာ မင်းတို့သတ်မှတ်။ ဘာစည်းမျဉ်းမှ အရေးမကြီးဘူးလို့တော့ မပြောပါနဲ့။ သင့်ရဲ့အဘိုးကို အချိန်ခရီးသွားပြီးသတ်မိတယ်ဆိုရင်ရော။
ကျွန်တော်တို့ တွေ့နေကြတဲ့ ယာဉ်တွေ အလင်းတန်းတွေ နံရံရုပ်ကြွတွေ တချို့က အချိန်ခရီးသွားတွေရဲ့ လက်ချက်ဖြစ်နိုင်ပါတယ်။ ဒါဟာ ဟာသမဟုတ်ပါဘူး။ ဂြိုလ်သားများလည်း သည်လိုပါပဲ။ ကမ္ဘာကိုအလွန်ဝေးတဲ့ ဂဲလက်ဆီကနေ ကမ္ဘာကိုတီတွင်းတွေသုံးပြီး အချိန်ချုံ့လို့ရောက်လာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ဒါတွေကသာမန်စ်တ်ကူးပါပဲ။
ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်တာကတော့ အချိန်ခရီးသွားတာကို ပုံပြင်လို့မမှတ်ဖို့ပါပဲ။ အချိန်ခရီးဆိုတာပြောတာနဲ့ ခုဆိုရင်ဟာသကြီးကို ဖြစ်နေပါတယ်။ ဒါက ဟာသမဟုတ်ပါဘူး။ သီအိုရီအရ မှန်ကန်ချက်ပါ။

မောင်သူရ


Powered by Blogger.