ဇူကာဘတ်နှင့် ဖေ့ဘွတ်ခ် ဂယက်

ဒီစာအုပ်ကတော့ ၂၀၁၇ ခုနှစ် စက်တင်ဘာလထဲမှာ ပဉ္စဂံ စာအုပ်တိုက်ကနေ ထွက်ရှိ လာတဲ့ ဘာသာပြန် စာအုပ် တစ်အုပ် ဖြစ်ပါတယ်။

မူရင်းစာအုပ်ကတော့ David Kirkpatrick ရဲ့ ‘the Facebook effect’ ပါ။ ဒါပေမယ့် မူရင်း စာအုပ် အတိုင်း အလုံးစုံ ပြန်ထားတာ မဟုတ်ဘဲ တချို့အခန်းတွေကို ချန်လှပ်ထားခဲ့ပါ တယ်။ ဒီစာအုပ်မှာ အခန်း (၁၅) ခန်း ပါဝင်ပြီး Mark Zuckerberg အဆောင်နေ ကျောင်းသား ဘဝကနေ Facebook အောင်မြင်မှု ရတဲ့အထိ အဖြစ်အပျက် အစုံကို အသေးစိတ် ရေးသား ထားပါတယ်။

ယနေ့ facebook ဆိုတာ လူနေမှု ဘဝထဲမှာ အင်မတန် အသုံးဝင်တဲ့ Social Network တစ်ခုဆိုတာ အားလုံး အသိပါ။ အသက် (၁၉) နှစ်အရွယ် လူငယ်လေး တစ်ယောက် သူရဲ့ အဆောင်ခန်းလေး ထဲကနေ တီထွင်ခဲ့တဲ့ Facebook ကို ယနေ့ခေတ်လို အမြတ်ငွေ အမြောက် အမြား ရနေပြီး လူသားတွေ အတွက် ဆက်သွယ်မှု ပုံစံအသစ်တစ်ခု ပြောင်းလဲစေခဲ့တဲ့ ကုမ္ပဏီကြီး ဖြစ်လာအောင် ဘယ်လို ရုန်းကန်ခဲ့ကြရတယ်၊ ဘယ်လို အခက်အခဲတွေ၊ ဘယ်လို ဆုံးဖြတ်ချက် တွေ ချခဲ့ရတယ် စတာတွေကို ဒီစာအုပ်မှာ အသေးစိတ် စုံစုံလင်လင် ဖတ်ရှုရ ပါလိမ့်မယ်။

Facebook ဟာ နိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနေလဲ၊ လူမှုရေး အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနေသလဲ၊ စီးပွားရေး အပေါ် ဘယ်လို သက်ရောက်မှု တွေ ရှိနေလဲ အဲ့ဒီလို မေးခွန်းတွေရဲ့ အဖြေ ကိုလည်း ဒီစာအုပ်ထဲမှာ တွေ့ရပါလိမ့်မယ်။

ဒီစာအုပ် ဖတ်ပြီးရင် facebook ကို အသုံးချပြီး ဘာတွေ ဘယ်လောက်ထိ လုပ်လို့ ရနိုင်လဲ ဆိုတာနဲ့ Facebook ပေါ် မြင်နေတဲ့ အမြင် တချို့တောင် ပြောင်းလဲသွားနိုင်ပါတယ်။

ဒီဇင်ဘာ ဆောင်းအေးအေးမှာ ရသ စာပေ တွေချည်း ဖတ်နေသူတွေ အဖို့ အသစ် အဆန်း စိတ်ဝင်စားစရာ သုတ တစ်ခုခု ဖတ်ဖို့ ရှာနေရင် တော့ ဒီစာအုပ်ကိုပဲ ညွှန်းဆိုရပါလိမ့်မယ်။

အယ်ဒီတာ
Powered by Blogger.