အရာတစ်ခုခုသည် ဖန်တီးသူရှိမှဖြ
စ်မည်။ ဖန်တီးမှု အပေါ်သုံးစွဲမှု ရှိမှ ပြည့်စုံမည်။ အနုပညာသည် လည်း ထို သဘောပင်တည်း။ အနုပညာကို ဖန်တီးသူတို့က ဖန်တီးလျက်ခံစား
သူတို့ ခံစားမှသာလျှင် အနုပညာ တစ်ခုသည် ပြည့်စုံရမည်။
အနုပညာ ဖန်တီးသူများသည်
ဖန်တီးမှုများကို
ရရန် တစ်ခုခုသော ရသကို ဦးစွာဖြစ်ပေါ်တတ်
ကြရသည်။ သဘောရိုးဆိုသော်
မိမိတွင် ရေရှိမှ ရေ ပေးနိုင်သကဲ့သို
့တည်း။
ရိုးသားသောအနုပညာ ရသခံစားမှုမရှိဘဲ
ဆွဲလိုက်သော ပန်းချီ ဆရာ ၏ ပန်ချီကားသည် ကြည့်ရှုသူ အတွက် မည်သည့် ရသမျှ
မခံစားစေပေ။ ရသခံစားမှု မရှိသော စာရေးဆရာ တစ်ယောက်၏ စာတစ်ပုဒ် ကလည်း
ဖတ်ရှုသူကို မည်သည့်ရသမျှ ပေးနိုင်မည် မဟုတ်ပေ။ ထိုသို့ ကိုယ်တိုင်က
မခံစားရဘဲ ရေးလိုက် သော အနုပညာ ဆွဲလိုက်သော အနုပညာ တို့သည် “အတုပညာ”
အဆင့်သာ ရှိပါသည်။ ရိုးသားသော အနုပညာမဟုတ်ပါ။ မရိုးသားသော အနုပညာ တို့သည်
မျက်မြင်အောင်မြ
င်မှုကို သာရနိုင်သည်။ အစစ်အောင်မြင်မှု
ကို ရမည် မဟုတ်ပါ။
အောင်မြင်မှုအတုအစစ်
မည်သည့် အနုပညာကိုမဆို ဖန်တီးပါလျှင် ရိုးဂုဏ်ကို လိုအပ်လှပေသည်။ တစ်ခါက
အဘိုး ဘိုကလေး တင့်အောင် ဟောပြောပွဲ တစ်ခုမှာ ဟောဖူး သည်။ ဆရာချစ်ဦးညိုလည်
း
စင်္ကာပူ ဟောပြောပွဲ တစ်ခုတွင် ၁၉၅၂၊ ၁၉၅၃ ပိုင်းလောက်က ပြည်တော်သာ
စီမံကိန်းကြီး လုပ်ရာတွင် သီချင်း ရေးပြိုင်ပွဲ၌ ဆရာကြီး ဘိုကလေး
တင့်အောင်က ရွှေတံဆိပ်ဆုရခဲ့
သည်။ ဆရာကြီး၏ သီချင်းမှာ အားမာန်တက် လှသည်။
"အသွေးအင်္ဂတေ၊ အသားအုတ်မြေ၊ ပြည်တော်သာ မုခ်ဦးဆီသို့ ချီတက်ခံစား မြန်းကြပါစို့လေ
"
ဤသို့နှယ် စကားလုံးကြီးမျာ
းနှင့် ခံ့ထည် နေ သောစာသားများသည်
ဆုရခဲ့သော်လည်း ပြည်သူ တို့၏ နှလုံးသားတွင် မခံစားရ။ သို့သော် ထိုအချိန်က မန္တလေးမြို့တော်
မှ သီချင်းရေး ဆရာကြီးဆရာ မြို့မငြိမ်း ရေးစပ်လိုက်သော၊
ဆုမရခဲ့သော၊ မပြိုင် လိုက်ရသော "လူချွန်လူကောင်
း" သီချင်းလေးမှာ ပြည်သူများ၏ နှလုံးသားတွင် စွဲနစ် ဝင်ရောက် သွားသည်။
အဘယ့်ကြောင့်နည်း။ ဆရာကြီးက ဆက်ပြောသည်။ သူမရိုးသားခဲ့ ဟူ၏။ အဘယ်သို့နည်း။ ဆုကိုမက်မောမိခဲ
့ ဟူ၏။ ထို့ကြောင့်ပင် ထိုပြည်တော်သာ သီချင်းကြီးက အရေးရှင်သော်လည်
း သေလျက် ..။
ဤသည်ကား အနုပညာ၏ မျက်လှည့်၊ အနု ပညာ၏ ရိုးသားမှု၊ အနုပညာ၏ နုညံ့မှုပင် ဖြစ်
သည်။ ဤသည်ကို ကြည့်လျှင် အနုပညာ၏ ရိုးဂုဏ်၊ ခံစားချက်က မည်မျှ
အရေးကြီးကြောင်း
သိသာပေသည်။ ခံစားချက်မရှိဘဲ
ရေးလျှင် အနုပညာမဟုတ်။ အတုပညာသာ ဖြစ်ပေမည်။
အနုပညာသည်၏အားမာန် ကျွန်တော့်အနေဖြ
င့် ဆရာကြီး ထီလာစစ်သူ ၏ စကားကိုငှားသုံး
ရမည်
ထင်သည်။ အနုပညာ ရှင်တို့ အားမာန်ကား ကြီးမား ထက်သန် လှပေ သည်။ အိုသူကို
ပျိုစေသည်။ ညိုးသူကို လန်းစေ သည်။ ဤသည်မှာ အနုပညာသည်၏ အားမာန်
သတ္တိသဘောပင်ဖြစ်
သည်။
အနုပညာသည်၏တန်ခိုး အနုပညာသည်၏ အားမာန်သည် အနုပညာသည်၏ ဈာန်နှင့် ပေါင်းစပ်လိုက်သ
ည်နှင့်
အနုပညာသည် ၏ တန်ခိုး ထွက်ပေါ်လာ၏။ အနုပညာသည် ၏ တန်ခိုးကား မည်သည်နှင့်မျှ
နှိုင်းမရ။ ယှဉ်မရ ပေ။ သူ့အစွမ်းနှင့် သူသာ တောက်မြဲ လောင်မြဲ ဖြစ်ပေသည်။
အနုပညာသည်၏ တန်ခိုးသည် အနုပညာကို ခံစား နားလည်တတ်သူ တို့ အဖို့ ဆေးတစ်
ခွက်ဖြစ်သည်ဟုဆိ
ုကြသည်။
အနုပညာကို ဖန်တီးသော အနုပညာသည် များ၏ အားမာန် သတ္တိနှင့် တန်ခိုးစွမ်းအား
တို့ကား ပင်လယ်ရေတို့ ခမ်းခြင်း မရှိသကဲ့သို့ ထက်မြတ် လှ ပါပေသည်။
များပြား လှပါပေသည်။ ဤသို့ ထက် မြတ်များ ပြားသော တန်ခိုးသတ္တိ
အားမာန်တို့ကို ခံစား သူတို့ကလည်း အနုပညာသည်များ နည်းတူ ထပ်တူ ထပ်မျှ ခံစား
ကြရမည်။ သို့မှသာ အောင်မြင်ခြင်း အစစ် ဖြစ်ချေမည်။ သိန်းသန်းချီ
ပျံ့နှံ့များပြာ
းသွား သည်ကအောင်မြင်ခြ
င်း အစစ်မဟုတ်။ ရင်ထဲထိ သောအနုပညာကသာ အောင်မြင်ခြင်း အစစ်ဖြစ် ပေသည်။
ခံစားသူများ ပစ္စည်းတစ်ခုကို ထုတ်လုပ်သူက ထုတ်လုပ် လျက် သုံးစွဲသူတို့က သုံးစွဲမှသာ ထိုပစ္စည်းသည် ရေရှည်တည်တံ့မည်
။ ထုတ်ဝေ လိုက်သော အနုပညာကို ရရှိသွားသော သူတို့က ခံစားပေးမှ အား ပေးမှ ဖန်တီးသူလည်း ဖန်တီးရ ကျိုးနပ်ပေမည်။
အနုပညာသည်တို့၏ အားမာန်ဆိုသည်မှ
ာ လည်း အနုပညာ ခံစားသူတို့က ပေးသော အားပေး မှု ဖြစ်သည်။ ထို အားကိုအနုပညာသည်
၏ အား အဖြစ် ပြောင်းလဲလိုက်ြ
ခင်း သာ ဖြစ်သည်။
ပရိသတ်၏ အားပေးမှုသည် မီးနှင့်တူသည်။ မီးသည်ချမ်းအေးေ
နသော သူတို့အတွက် အနွေး ဓာတ်ပေးနိုင်သလိ
ု လောင်မြိုက်နေသေ
ာ လောင်စာ တို့အပေါ်၌ကား ကြီးစွာ ပိုမိုတောက် လောင်စေနိုင်သည်
။
ပရိသတ်များက စစ်မှန်သော အနုပညာကို အားပေးအားမြှောက
်မလုပ်ဘဲ မစစ်မှန်သော အနု ပညာကို အားပေးအားမြှောက
်လုပ်ပါက အနုပညာ စစ်စစ်တို့သည် အားပျော့လျက်အတု
ပညာ တို့သာ ဖြန့်ကျက် အုပ်မိုးသွား လိမ့်မည်။
အနှစ်ချုပ် အံ့သော် အနုပညာ၏ သဘောသည် ဖန်တီးသူတို့နှင
့် ခံစားသူတို့၏ သေသပ်သော ပေါင်းစည်းမှု တစ်ရပ် ဟုဆိုရမည်။ ထို ပေါင်းစည်းမှု ကိုခိုင်မြဲစွာ တည်တံ့စေရန် ထိုအားနှစ်ရပ်ကသ
ာ အတူတူ ပေါင်းစည်းအား ဖြည့်သွားကြရမည်
သာ ဖြစ်ပေတော့သတည်း
။ ။
မောင်သူရ