ပြီးဆုံးသွားပြီဆိုတာ ... လက်ခံပါ။


တချို့အရာတွေဟာ ကိုယ်ကြိုးစားခွင့် မရှိတော့ ဘူး။ ကိုယ်လည်းသေချာ မကြိုးစားနိုင်တော့ဘူး၊ ကိုယ်နဲ့ လည်း ဘယ်လိုမှ ဆီလျော်မှု မရှိတော့ဘူးဆိုရင် စိတ်လျော့လိုက်ပါ။

ငါလုပ်နိုင်သေးတယ်၊ ငါပြင်ဆင်နိုင်သေးတယ်၊ ငါကြိုးစားနိုင်သေးတယ် ဆိုတဲ့စိတ်နဲ့ အတိတ်ထဲမှာ အချိန်တွေ ဖြုန်းတီးမပစ်ပါနဲ့။ ကိုယ်ဘယ်လောက် ကြိုးစားပါစေ ကိုယ့်အတွက် မဟုတ်တော့တဲ့ အရာတွေအတွက် ထည့်စဉ်းစားနေတာဟာ မိမိကိုယ်ကိုဒုက္ခပေးခြင်း၊ သစ္စာဖောက်ခြင်းပါ။

တချို့အရာတွေဟာ သစ္စာစောင့်သိပြီး အမြဲတစေ ကြိုးစားမျှော်လင့်နေဖို့ ထိုက်တန်တယ်။ ဒါပေမယ့် တချို့ အရာတွေကတော့ သစ္စာစောင့်သိမှု၊ မိမိကြိုးစားမှုနဲ့ မထိုက်တန်ဘူး။ ကိုယ့်အတွက် ဘာမှအကျိုးမပြုတော့တဲ့ ကိစ္စတွေကို အတိတ်မှာ ထားပစ်ခဲ့လိုက်ပါ။
တချိန်ချိန်မှာ ကိုယ်နဲ့ အဆင်ပြေ လာမှာပါ၊ စောင့်ကြည့်ရမှာပေါ့ ဆိုတဲ့စိတ်နဲ့ အတိတ်ကနေ မထ နိုင် သရွေ့အနာဂတ်ပျောက်နေလိမ့်မယ်။ ကိုယ်နဲ့မဆီလျော် တဲ့ အရာတွေက ကိုယ်ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး။ ဒါ ကြောင့် တချို့ကိစ္စတွေကို
"ဒါက ပြီးဆုံးသွားပြီ ငါနဲ့မသက်ဆိုင်တော့ဘူး၊ ငါကြိုးစား လို့ မရတော့ဘူး၊ ဒါကြောင့်ငါနဲ့ဆိုင်တာ ငါလုပ်ရမယ်၊ ကြိုးစား စရာအသစ်၊ အခွင့်အလမ်းအသစ်၊ ဘဝအသစ် အတွက် ပုံဖော်ရတော့မယ်" ဆိုတဲ့စိတ်နဲ့ ကိုယ့် Life plan အသစ်တစ်ခုကို ပုံဖော်ရမယ်။

ဘဝဆိုတာ တစ်နေရာတည်းမှာ ရပ်မနေဘူး။ အနေ အထား တစ်ခုတည်းမှာ ရပ်မနေဘူး။ ကြိုးစားမှု တစ်ခု တည်းမှာ ရပ်မနေဘူး။ ကိုယ့်ခွန်အား အလျောက် ကိုယ့် အောင်မြင်မှု ကိုယ် ပုံဖော်နိုင်သေးတယ်။ ကလေးဆန်တဲ့ လူတွေနဲ့ မပက်သတ်ပါနဲ့။ စရိုက်ဆန်တဲ့ လူတွေနဲ့ မပျော်မွေ့ပါနဲ့။ လူ့စည်း ဘီလူးစည်း မသိတဲ့လူတွေနဲ့ မိတ်ဆွေ မဖွဲ့ပါနဲ့။

ကိုယ်ဘယ်လိုလူဆိုတာ ကိုယ့်ပတ်ဝန်းကျင်က စကားပြောတယ်။ ကိုယ့်အရည်အသွေးကို ကိုယ်ကိုယ်တိုင် ကပြောတယ်။
ဘဝမှာ ပျော်စရာ အနာဂတ်တွေ အများကြီး ရှိ တယ်။ လုပ်စရာတွေ အများကြီး ရှိတယ်။ ကိုယ့်အပေါ် ခဏခဏ စော်ကားတဲ့ အတိတ်ထဲမှာ မနေပါနဲ့။ အရည် အသွေး နိမ့်တဲ့အရာတွေကို မမက်မောပါနဲ့။ လောကမှာ ကိုယ်မရွေးချယ်လည်း ရလာမယ့် တန်ဖိုးတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ တော့လိုတယ်။

ကြိုးစားတိုင်း ကိုယ်မပိုင်ရတဲ့ အခါ နှမြောတသပြီး ထပ်မမျှော်လင့်ပါနဲ့။ အချိန်တွေ ကုန်ပါတယ်။ ပြီးဆုံး သွားပါပြီ။ ဘယ်တော့မှ ပြန်လှည့်လို့မရတော့ဘူး။ ကိုယ်နဲ့လည်း မသက်ဆိုင် တော့ဘူး။ ကိုယ်တန်ဖိုးထား လေးစားရပြီး ကိုယ်တကယ် ပိုင်ဆိုင်ရမယ့် အရာတွေအတွက် ခွန် အားမွေးလိုက်ပါ။

ဘဝမှာ အေးအေးချမ်းချမ်း နေ
ချင်ရင် အမှန်တရား တွေကို လက်ခံနိုင်ဖို့လိုတယ်။ ဒါကြောင့် ထပ်ကြိုးစားလို့ မရတာတွေကို ပြီးဆုံး သွားပြီလို့ လက်ခံလိုက်ပါ။ အကယ်၍ ကိုယ်မှားခဲ့တာရှိရင် အဲ့အမှားကို ရဲရဲတာဝန် ယူပါ။ ပြင်ဆင်ပါ။ ဒီလိုဆို ကိုယ့်ကိုယ်ကို အမြဲကျေနပ်နေလိမ့်မယ်။ ကိုယ်ဟာအမြဲ စိတ်ချမ်းသာနေရ လိမ့်မယ်။ ။

ချစ်တဲ့.
ခင်ခြူးသာ 


Powered by Blogger.