ကမ္ဘာတစ်ဝှမ်း ၀င်ရောက်လည်ပတ်မှု အများဆုံး Website (၁၀) ခု


လက်ရှိ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ Web Site ​ပေါင်း (၁.၃) ဘီလီယံကျော်ရှိနေပါတယ်။  အဲ့ဒီထဲမှာမှ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ၀င်ရောက်လည်ပတ်မှု အများဆုံး Web Site (၁၀) ခုစာရင်းကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ Similar Web ရဲ့ Nov1 , 2017 ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ

1.google.com
Google လို့ပြောလိုက်တာနဲ့ အင်တာနက်အသုံးပြုတိုင်း နီးပါး မသိသူ မရှိသလောက်ပါပဲ။ အချက်အလက်တွေ ရှာဖွေရာမှာ သုံးတဲ့ ရှာဖွေရေး Search Engine တစ်မျိုးပေါ့။ သူကတော့ နံပါတ် (၁)ပါ။ တစ်ခြားသော အင်တာနက် အဖွဲ့အစည်းတွေရဲ့ စာရင်းမှာလည်း Google ဟာ .. နံပါတ် - ၁ လည်ပတ်မှု အများဆုံး ဖြစ် ရပ်တည်နေပါတယ်။

2.facebook.com
ကျွန်တော်တို့ မြန်မာပြည်မှာ အသုံးများဆုံး Social Network ပေါ့၊ Facebook မှာ အချိန်ကုန်နေတာ ကျွန်တော်တို့ လူမျိုးတွေချည်းလို့ တချို့က ပြောကြပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့တော့ သူဟာ လည်ပတ်မှု အများဆုံး နံပါတ် -၂ မှာ ရှိနေပါတယ်။ Facebook ဟာ ဘ၀ကြီး မဟုတ်ဘူး ဘာညာ အပိုတွေ .. ပြောနေမယ့် အစား .. ဖေ့ဘွတ်ခ်ကို သတင်းအချက်အလက်များ လျင်မြန်စွာ ပျံ့နှံ့စီးဆင်းတဲ့ အရာတစ်ခုလို့ သတ်မှတ်ပြီး အကျိုးရှိအောင် အသုံချသင့်ပါတယ်။

3.youtube.com
Youtube ကိုလည်း မြန်မာပြည်မှာ တော်တော်များများ သိကြပါတယ်။ Video Sharing Site တစ်မျိုးပေါ့။ ဖေ့ဘွတ်ခ်မှာလည်း ဗီဒီယိုတွေ တင်လို့နေရပြီ ဆိုပေမယ့်လည်း Video Sharing အပိုင်းမှာ Youtube ကို မမှီသေးတာတေ့ သုံးဖူးသူတိုင်း သိကြမှာပါ။ Youtube ဟာ နံပါတ် (၃) နေရာမှာ ရှိနေပါတယ်။

4.baidu.com
Baidu ကတော့ Google လို အချက်အလက် ရှာဖွေရေး ၀န်ဆောင်မှု ပေးတဲ့ Search Engine တစ်မျိုးပါပဲ။ တရုတ်နိုင်ငံမှာ အခြေစိုက်ပါတယ်။ Homepage ကို တရုတ်ဘာသာစကားနဲ့ အသုံးပြုနိုင်ပါတယ်။ နံပါတ် - ၄ ဖြစ်နေရတာကတော့ တရုတ်နိုင်ငံ လူဦးရေကြောင့်ပဲ ဖြစ်ပါတယ်။

5.xvideos.com
နာမည်ကို ကြည့်လိုက်တာနဲ့ တော်တော်များများ သဘောပေါက်ကြပါလိမ့်မယ်။ 18+ အပြာဗီဒီယိုဖိုင် တွေချည်း တင်ထားတဲ့ ကမ္ဘာကျော် Web Site တစ်ခုပါ။ အထင်တော့ သေးလို့မရဘူး ..၊ သူက နံပါတ် (၅) နေရာမှာ ရှိပါတယ်။

6.yahoo.com
Yahoo ကလည်း Google လို အချက်အလက် ရှာဖွေရေး ၀န်ဆောင်မှု ပေးတဲ့ Search Engine တစ်မျိုးပါပဲ။ ဒါပေမယ့် Google လောက်တော့ မြန်ဆန်မှု မရှိပါဘူး။ သူက နံပါတ် - ၆ နေရာမှာ ရှိပါတယ်။

7.sogou.com
sogou ကလည်း Google တို့ Yahoo တို့ လို အချက်အလက် ရှာဖွေရေး ၀န်ဆောင်မှု ပေးတဲ့ Search Engine တစ်မျိုးပါပဲ။ သူက နံပါတ် - ၇ နေရာမှာ ရှိပါတယ်။ Default Language ကလည်း တရုတ်ဘာသာ စကား ဖြစ်ပါတယ်။ လည်ပတ်မှု အများဆုံး နံပါတ် - ၇ ဖြစ်နေတာကတော့ အင်မတန် များပြားလွန်းတဲ့ တရုတ်နိုင်ငံ လူဦးရေကြောင့် ဖြစ်ပါတယ်။

8.google.co.in
Google က အန္ဒိယနိုင်ငံအတွက် ဖွင့်လှစ်ပေးထားတဲ့ စာမျက်နှာပါ။ သူကလည်း ၀င်ရောက် လည်ပတ်မှု တော်တော် များပါတယ်။ အဓိကကတော့ အန္ဒိယ နိုင်ငံ လူဦးရေကြောင့်ပါ။ သူက နံပါတ် - ၈ နေရာမှာ ရှိပါတယ်။ မြန်မာနိုင်ငံ အတွက်လည်း Google က ဖွင့်လှစ်ပေးထားတဲ့ စာမျက်နှာရှိပါတယ်။ google.com.mm ပါ။

9.xnxx.com
နာမည်ကို ကြည့်လိုက်တာနဲ့ တော်တော်များများ သဘောပေါက်ကြပါလိမ့်မယ်။ အပေါ်မှာ ပြောခဲ့တဲ့ အပြာဗီဒီယိုဖိုင်တွေ တင်ပေးတဲ့ Site လိုပဲ ကမ္ဘာကျော် site တစ်ခုပါ။ သူ့လည်း အထင်တော့ သေးလို့မရဘူးဗျ..၊ သူက နံပါတ် (၉) နေရာမှာ ရှိပါတယ်။

10. vk.com
ရုရှားနိုင်ငံ အခြေစိုက် Facebook လိုမျိုး လူမှုကွန်ရက် တစ်ခုပါ။ သူကတော့ နံပါတ် - ၁၀ မှာရှိနေပါတယ်။

ဒါကတော့ ကမ္ဘာတစ်ဝှမ်းလုံး ၀င်ရောက်လည်ပတ်သူ အများဆုံး Web Site (၁၀) ခုပါ။ Top Ten Site တွေကို သိလိုက်ရတဲ့အခါ ကျွန်တော်ကိုယ်တိုင် အံ့သြသွားတာတော့ အမှန်ပါပဲ။ Twitter က နံပါတ် - ၁၄ မှာရှိနေပြီး Wikipedia ကတော့ နံပါတ် - ၁၂ မှာ ရှိနေပါတယ်။ Instagram က နံပါတ် - ၁၇ မှာ ရှိနေပါတယ်။ ကျွန်တော့်လိုပဲ အားလုံးအတွက် စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


ZeroBeta (Morning E-Magazine)

No comments

Note: Only a member of this blog may post a comment.

Powered by Blogger.